ျပည္မွာ ဓါးကိုင္ရမ္းကားလူငယ္ေတြကို ရဲက ပစ္ခက္ဖမ္းဆီးလိုက္ရ (႐ုပ္/သံ)

0
942

ျပည္ျမိဳ႕မွာ ဓါးကိုင္ေသာင္းက်န္းေနတဲ့ လူငယ္၃ဦးကို ရဲတပ္ဖဲြ႕၀င္ေတြက တားဆီးတာကို ဓါးနဲ႔ ျပန္္လည္ခုခံတာေၾကာင့္ ပစ္ခတ္ဖမ္းဆီးခဲ႔ပါတယ္ ။ ဒီသတင္းကို MCNသတင္းေထာက္ ဟန္ထူးေဇာ္ကေပးပို႕ထားပါတယ္ ။

မတ္လ ၁၁ရက္ေန႕ ည၇နာရီ၀န္က်င္ခန္႕က ျပည္ျမိဳ႕အထြက္ အမွတ္ ၃ ရဲစခန္းအနီးမွာရွိတဲ့ စက္သုံးဆီဆိုင္နားမွာ ဓါးကိုင္ေသာင္းက်န္းေနတယ္ဆိုတဲ့ လူငယ္၃ဦးကို ရဲတပ္ဖဲြ႕၀င္ေတြက တာဆီးစစ္ေဆးရာမွာ ျပန္လည္ခုခံတာေၾကာင့္ ရဲတပ္သားက ရာဘာက်ည္နဲ႕ ပစ္ခတ္ဖမ္းဆီးလိုက္ရပါတယ္ ။

ဘုရားၾကီးဘုရားနားမွာ အဲ့ဒီလူငယ္၃ဦးက ဆိုင္ကယ္ ၁ စီးကိုေမာင္းနွင္လာျပီး လမ္းသြားလမ္းလာသူေတြကို ေအာ္ဟစ္စိန္ေခၚတာေတြျပဳလုပ္ခဲ့တာျဖစ္ပါတယ္ ။ အဲ႔ဒီအတြက္ လွည္႕ကင္းေဆာင္ရြက္ေနတဲ့ ရဲတပ္ဖဲြ႕၀င္ေတြက တားဆီးခဲ့ေပမယ့္ ျခိမ္းေျခာက္စိန္ေခၚတဲ့ စကားေျပာဆို ထြက္ေျပးသြားတဲ႔အတြက္ ရဲတပ္ဖဲြ႕၀င္ေတြက လိုက္လံဖမ္းဆီးခဲ့တာပါ ။

Soundbite – ဒုရဲမွဴးေဇာ္ညြန္႕ ျပည္ဒုျမိဳ႕နယ္ရဲတပ္ဖဲြ႕မွဴး

အဲ့လို႕ပစ္ခတ္ဖမ္းဆီးရာမွ ေနဆန္းတြင္ ေနာက္ေၾကာဘယ္ဘက္ ေပါက္ျပဲဒဏ္ရာ၂ခ်က္ ခါးအထက္ေပါက္ျပဲဒဏ္ရာ ၁ခ်က္ရရွိခဲ႔ျပီး ေကာင္းျမတ္လင္းဆိုသူဟာလည္း ယာလက္ပ်ံ ေပါက္ျပဲဒဏ္ရာ ၁ခ်က္ရရွိခဲ့ပါတယ္ ။
Soundbite – ဦးေမာင္၀င္း (ရာအိမ္မွဴး) ဘုရားၾကီးတိုးခ်ဲ႕ရပ္ကြက္

လက္ရွိအခ်ိန္မွာေတာ႔ ရဲတပ္ဖဲြ႕၀င္ေတြ လွည္႕ကင္းေဆာင္ရြက္ေနတဲ့အခါမွာ ဓါးကိုင္ ေအာ္ဟစ္ရမ္းကားျပီး တာ၀န္၀တၱရားေနွာက္ယွက္သူ ေနဆန္း ေကာင္းျမတ္လင္း ထက္ပိုင္ျဖိဳးနဲ႔ ေနဆန္းဆိုသူတို႔ကို ျပည္အမွတ္၃ရဲစခန္းမွာ အမႈဖြင့္အေရးယူေဆာင္ရြက္ေနပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်မြို့မှာ ဓါးကိုင်သောင်းကျန်းနေတဲ့ လူငယ်၃ဦးကို ရဲတပ်ဖွဲ့ဝင်တွေက တားဆီးတာကို ဓါးနဲ့ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ် ။ ဒီသတင်းကို MCNသတင်းထောက် ဟန်ထူးဇော်ကပေးပို့ထားပါတယ် ။

မတ်လ ၁၁ရက်နေ့ ည၇နာရီဝန်ကျင်ခန့်က ပြည်မြို့အထွက် အမှတ် ၃ ရဲစခန်းအနီးမှာရှိတဲ့ စက်သုံးဆီဆိုင်နားမှာ ဓါးကိုင်သောင်းကျန်းနေတယ်ဆိုတဲ့ လူငယ်၃ဦးကို ရဲတပ်ဖွဲ့ဝင်တွေက တာဆီးစစ်ဆေးရာမှာ ပြန်လည်ခုခံတာကြောင့် ရဲတပ်သားက ရာဘာကျည်နဲ့ ပစ်ခတ်ဖမ်းဆီးလိုက်ရပါတယ် ။
ဘုရားကြီးဘုရားနားမှာ အဲ့ဒီလူငယ်၃ဦးက ဆိုင်ကယ် ၁ စီးကိုမောင်းနှင်လာပြီး လမ်းသွားလမ်းလာသူတွေကို အော်ဟစ်စိန်ခေါ်တာတွေပြုလုပ်ခဲ့တာဖြစ်ပါတယ် ။ အဲ့ဒီအတွက် လှည့်ကင်းဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပေမယ့် ခြိမ်းခြောက်စိန်ခေါ်တဲ့ စကားပြောဆို ထွက်ပြေးသွားတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့တာပါ ။

Soundbite – ဒုရဲမှူးဇော်ညွန့် ပြည်ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး

အဲ့လို့ပစ်ခတ်ဖမ်းဆီးရာမှ နေဆန်းတွင် နောက်ကြောဘယ်ဘက် ပေါက်ပြဲဒဏ်ရာ၂ချက် ခါးအထက်ပေါက်ပြဲဒဏ်ရာ ၁ချက်ရရှိခဲ့ပြီး ကောင်းမြတ်လင်းဆိုသူဟာလည်း ယာလက်ပျံ ပေါက်ပြဲဒဏ်ရာ ၁ချက်ရရှိခဲ့ပါတယ် ။
Soundbite – ဦးမောင်ဝင်း (ရာအိမ်မှူး) ဘုရားကြီးတိုးချဲ့ရပ်ကွက်

လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ လှည့်ကင်းဆောင်ရွက်နေတဲ့အခါမှာ ဓါးကိုင် အော်ဟစ်ရမ်းကားပြီး တာဝန်ဝတ္တရားနှောက်ယှက်သူ နေဆန်း ကောင်းမြတ်လင်း ထက်ပိုင်ဖြိုးနဲ့ နေဆန်းဆိုသူတို့ကို ပြည်အမှတ်၃ရဲစခန်းမှာ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်ခင်ဗျာ ။