စပါးေစ်းသက္မွတ္လိုက္ေပမယ္႔ ေစ်းက်ရင္ ဘယ္သူတာ၀န္ယူမလဲဆိုတာကို ေ၀ဖန္မႈေတြရွိေန(႐ုပ္/သံ)

0
790

အေျခခံ စပါးေစ်းနဳန္း သက္မွတ္လိုက္ေပမယ္႔ ေစ်းကြက္အေနအထားအရ စပါးေစ်းက်ဆင္းလာရင္ ဘယ္သူက တာ၀န္ယူ ေျဖရွင္းေပးမယ္ဆိုတဲ႔ အခ်က္မပါ၀င္တဲ႔အေပၚ ေ၀ဖန္မႈေတြ ရွိေနပါတယ္ ။ ဒီသတင္းကို MCN ပုသိမ္ သတင္းေထာက္ ရဲေသြးနီက ေပးပို႔ထားပါတယ္။

မတ္လ၆ ရက္ေန႔မွာထုတ္ျပန္တဲ႔ စပါးေစ်းအေျခခံေစ်းႏွဳန္း ၅ သိန္းသတ္မွတ္လိုက္တဲ႔အေပၚ လက္ရွိစပါးေစ်းျမင့္တက္ေနတဲ႔အခ်ိန္ အဆင္ေျပေနေပမယ့္ တစ္ကယ္တမ္းစပါးေစ်းက်ဆင္းလာခဲ႔ရင္ ဘယ္သူက တာဝန္ယူမလဲဆိုတဲ႔ အခ်က္မပါဝင္ေသးတာေၾကာင့္ ထုတ္ျပန္ခ်က္နဲ႔ပက္သက္လို႔ ေ၀ဖန္မႈေတြ ရွိေနတာပါ ။

Soundbite – ဦးဝင္းျမင့္လႈိင္ (ဥကၠ႒) ဧရာဝတီတိုင္းေဒသႀကီးကုန္သည္ႀကီးမ်ားနဲ႔ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း

လက္ရွိသတ္မွတ္လိုက္တဲ႔ စပါးေစ်းႏွဳန္းဟာ ေတာင္သူေတြအတြက္ အဆင္ေျပေပမယ့္ သြင္းအားစု ေစ်းႏွဳန္းေတြ ၊ လုပ္အားခေတြနဲ႔ ကုန္ေစ်းႏွဳန္းေတြ တက္လာမယ္ဆိုပါက လယ္သမားေတြဘဝ ဘာမွထူးျခားလာမွာမဟုတ္ဘူးလို႔ ေတာင္သူတစ္ဦးကေျပာပါတယ္။

Soundbite – ဦးေအးေသာင္း (လယ္သမား) ဘုရားႀကီးကုန္းေက်းရြာ

လက္ရွိစပါးေစ်းနဲ ႔ပက္သက္လို႔ ကုန္သည္ေတြအေနနဲ႔ စပါးေစ်းက်ဆင္းလာရင္ ၅သိန္းနဲ႔ဘယ္ကုန္သည္မွ အရွံဳးခံ ဝယ္မွာမဟုတ္သလို အစိုးရအေနနဲ႔ တာဝန္ယူေပးမယ္လို႔ မေျပာဆိုထားတဲ႔အတြက္ ဒီေစ်းႏွဳန္းသတ္မွတ္မႈကို အယံုအၾကည္မရွိဘူးလို႔ စပါးကုန္သည္ တစ္ဦးကေျပာပါတယ္။

Soundbite – ဦးရဲစိုး (စပါးကုန္သည္) ကန္ႀကီးေထာင့္ျမိဳ႕နယ္ ေရႀကိဳကုန္းေက်းရြာ

လက္ရွိျမန္မာနိုင္ငံက စပါးေစ်းႏွဳန္းဟာ တရုတ္နိုင္ငံရဲ႕ဆန္၀ယ္လိုအား ေစ်းကြက္ကို အေျခခံထားတဲ႔အတြက္ တရုတ္ဘက္က ဝယ္လက္မရွိေတာ့လို႔ စပါးေစ်းက်ရင္ အစိုးရအေနနဲ႔ ဘယ္လိုစီမံခ်က္ေတြေရးဆြဲၿပီးဝယ္ယူမလဲဆိုတာက ေမးခြန္းထုတ္စရာျဖစ္ေနတာပါ ။

Soundbite – ဦးေမာင္ေမာင္ေဇာ္ (ဥကၠ႒) ဧရာဝတီတိုင္းေဒသႀကီး ဆန္ကုန္သည္မ်ားအသင္း

လက္ရွိအခ်ိန္မွ ဧရာဝတီတိုင္းေဒသႀကီးအတြင္း စပါးေစ်းႏွဳန္းမွာ ေပါင္ ၅၀ကို ၆သိန္း၂ေသာင္း ေစ်းႏွဳန္းျဖစ္ေပါက္ေစ်းရွိျပီး ျမန္မာနိင္ငံဆန္စပါးအသင္းခ်ဳပ္က ထုတ္ျပန္တဲ႔ အနိမ့္ဆံုး အေျခခံစပါ းေစ်းႏွဳန္းကေတာ့ ၄၆ေပါင္ကို ၅သိန္းေစ်းႏွဳန္းျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အခြေခံ စပါးဈေးနုန်း သက်မှတ်လိုက်ပေမယ့် ဈေးကွက်အနေအထားအရ စပါးဈေးကျဆင်းလာရင် ဘယ်သူက တာဝန်ယူ ဖြေရှင်းပေးမယ်ဆိုတဲ့ အချက်မပါဝင်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ် ။ ဒီသတင်းကို MCN ပုသိမ် သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ်။

မတ်လ၆ ရက်နေ့မှာထုတ်ပြန်တဲ့ စပါးဈေးအခြေခံဈေးနှုန်း ၅ သိန်းသတ်မှတ်လိုက်တဲ့အပေါ် လက်ရှိစပါးဈေးမြင့်တက်နေတဲ့အချိန် အဆင်ပြေနေပေမယ့် တစ်ကယ်တမ်းစပါးဈေးကျဆင်းလာခဲ့ရင် ဘယ်သူက တာဝန်ယူမလဲဆိုတဲ့ အချက်မပါဝင်သေးတာကြောင့် ထုတ်ပြန်ချက်နဲ့ပက်သက်လို့ ဝေဖန်မှုတွေ ရှိနေတာပါ ။

Soundbite – ဦးဝင်းမြင့်လှိုင် (ဥက္ကဋ္ဌ) ဧရာဝတီတိုင်းဒေသကြီးကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း

လက်ရှိသတ်မှတ်လိုက်တဲ့ စပါးဈေးနှုန်းဟာ တောင်သူတွေအတွက် အဆင်ပြေပေမယ့် သွင်းအားစု ဈေးနှုန်းတွေ ၊ လုပ်အားခတွေနဲ့ ကုန်ဈေးနှုန်းတွေ တက်လာမယ်ဆိုပါက လယ်သမားတွေဘဝ ဘာမှထူးခြားလာမှာမဟုတ်ဘူးလို့ တောင်သူတစ်ဦးကပြောပါတယ်။

Soundbite – ဦးအေးသောင်း (လယ်သမား) ဘုရားကြီးကုန်းကျေးရွာ

လက်ရှိစပါးဈေးနဲ ့ပက်သက်လို့ ကုန်သည်တွေအနေနဲ့ စပါးဈေးကျဆင်းလာရင် ၅သိန်းနဲ့ဘယ်ကုန်သည်မှ အရှုံးခံ ဝယ်မှာမဟုတ်သလို အစိုးရအနေနဲ့ တာဝန်ယူပေးမယ်လို့ မပြောဆိုထားတဲ့အတွက် ဒီဈေးနှုန်းသတ်မှတ်မှုကို အယုံအကြည်မရှိဘူးလို့ စပါးကုန်သည် တစ်ဦးကပြောပါတယ်။

Soundbite – ဦးရဲစိုး (စပါးကုန်သည်) ကန်ကြီးထောင့်မြို့နယ် ရေကြိုကုန်းကျေးရွာ

လက်ရှိမြန်မာနိုင်ငံက စပါးဈေးနှုန်းဟာ တရုတ်နိုင်ငံရဲ့ဆန်ဝယ်လိုအား ဈေးကွက်ကို အခြေခံထားတဲ့အတွက် တရုတ်ဘက်က ဝယ်လက်မရှိတော့လို့ စပါးဈေးကျရင် အစိုးရအနေနဲ့ ဘယ်လိုစီမံချက်တွေရေးဆွဲပြီးဝယ်ယူမလဲဆိုတာက မေးခွန်းထုတ်စရာဖြစ်နေတာပါ ။

Soundbite – ဦးမောင်မောင်ဇော် (ဥက္ကဋ္ဌ) ဧရာဝတီတိုင်းဒေသကြီး ဆန်ကုန်သည်များအသင်း

လက်ရှိအချိန်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးဈေးနှုန်းမှာ ပေါင် ၅၀ကို ၆သိန်း၂သောင်း ဈေးနှုန်းဖြစ်ပေါက်ဈေးရှိပြီး မြန်မာနိင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့ အနိမ့်ဆုံး အခြေခံစပါ းဈေးနှုန်းကတော့ ၄၆ပေါင်ကို ၅သိန်းဈေးနှုန်းဖြစ်ပါတယ်ခင်ဗျာ။