မန္တလေးမှာ သက်ငယ်မုဒိန်းလျော့နည်းစေဖို့ ပညာပေး လူံဆော် (ရုပ်/သံ)
0
825
Soundbite – ဦးစိုင်းနေမျိုးမောင်မောင် (ကိုဝမ်း) One to One ပရဟိတအဖွဲ့
Soundbite – ဦးစိုင်းနေမျိုးမောင်မောင် (ကိုဝမ်း) One to One ပရဟိတအဖွဲ့
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မန္တလေးမြို့မှာ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး သက်ငယ်မုဒိန်းမှုတွေလျော့နည်းစေဖို့ ပညာပေး လူံဆော်တာတွေ လုပ်ဆောင်နေပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။
မန္တလေးမြို့အခြေစိုက် ပရဟိတအသင်းတွေအနေနဲ့ သက်ငယ်မုဒိန်းမှုတွေ ပိုမိုဖြစ်ပွားလာတဲ့အပေါ်မှာ ကန့်ကွက်တဲ့အနေနဲ့ သက်ငယ်မုဒိန်းမှုတွေကို ကာကွယ်နိုင်စေဖို့ ပညာပေးကင်ပိန်းတွေကို စုပေါင်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။
အဲ့ဒီကင်ပိန်းကနေ လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ပညာပေးလက်ကမ်းစာစောင်တွေကို မန္တလေးမြို့က လူစည်ကားရာနေရာတွေမှာ ပေးဝေခဲ့ကြတာပါ။
Soundbite – ဦးစိုင်းနေမျိုးမောင်းမောင် (ကိုဝမ်း) One to One ပရဟိတအဖွဲ့
အခုရက်ပိုင်းအတွင်းမှာ သက်ငယ်မုဒိနိးမှုတွေအပေါ် ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကို အရပ်ဖက်အဖွဲ့အစည်းတွေက ပိုမိုလုပ်ဆောင်လာခဲ့ကြတာပါ။
သက်ငယ်မုဒိန်းမှု ကျုးလွန်သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုနေကြသလို သေဒဏ်ချမှတ်ပေးဖို့အထိ တောင်းဆိုနေသူတွေလည်း ရှိနေတာဖြစ်ပါတယ်။
Soundbite – ဦးစိုင်းနေမျိုးမောင်းမောင် (ကိုဝမ်း) One to One ပရဟိတအဖွဲ့
အခုလုပ်ဆောင်နေတဲ့ ကင်ပိန်းမှာ မိဘတွေနဲ့ ကလေးတွေအတွက် ပညာပေး လက်ကမ်းစာစောင်တွေပေးဝေတာ မျက်လှည်ပြပွဲတွေနဲ့ ဖျော်ဖြေတာတွေနဲ့ ကန့်ကွက်ကြောင်း ဓာတ်ပုံရိုက်ကူးတာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်ခင်ဗျာ။
?bph6