ဧရာဝတီတိုင်းမှာ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး စီမံချက်အနေနဲ့လုပ်ဆောင်နေ(ရုပ်/သံ)

0
63







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၈ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးစီမံချက်အနေနဲ့ လိုအပ်တာတွေကို လုပ်ဆောင်နေပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီကပေးပို့ထားပါတယ် ။

ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၆/၂၀၁၇ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ရှစ်သောင်းကျော်ရှိပြီး အောင်ချက်ရာကိုင်နုန်းအနေနဲ့ တစ်နိုင်ငံလုံးကတိုင်းနဲ့ပြည်နယ်တွေမှာ အနိမ့်ဆုံးရောက်ရှိခဲ့တာပါ ။
မနှစ်ကအောင်ချက်ရာကိုင်နုန်း အလွန်အမင်းကျဆင်းခဲ့တာကြောင့် ဒီနှစ်တက္ကသိုလ်ဝင်တန်းမှာ အောင်ချက်မြင့်မားအောင် စီမံချက်အနေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ် ။

Soundbite – ဒေါ်မြင့်မြင့်သန်းညွှန်ကြားရေးမှူး ပညာရေးဌာန(ဧရာဝတီတိုင်းဒေသကြီး ပညာရေးဦးစီးဌာန)

ဧရာဝတီတိုင်းဒေသကြီးမှာ မနှစ်က တက္ကသိုလ်ဝင်တန်းအောင်မြင်မှုရာကိုင်နုန်းအနေနဲ့ ၂၇.၄၆ရာခိုင်နှုန်းသာရရှိခဲ့တာ့ဖြစ်ပါတယ် ။ အခုပညာသင်နှစ်မှာ တိုင်းအတွင်း တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမယ့်ကျောင်းသားအရေအတွက် ၉၄၁၅၆ ဦးအထိရှိပြီး ပြီးခဲ့တဲ့ ၅နှစ်ထက် ဖြေဆိုသူဦးရေ ပိုမိုများပြားလာတာဖြစ်ပါတယ်။

Soundbite – ဒေါ်မြင့်မြင့်သန်းညွှန်ကြားရေးမှူး ပညာရေးဌာန(ဧရာဝတီတိုင်းဒေသကြီး ပညာရေးဦးစီးဌာန)

လက်ရှိမှာတိုင်းအတွင်းအောင်ချက်မြင့်မားရေးစီမံချက်အနေနဲ့ ဆရာ၊ဆရာမတွေနည်းပါးတဲ့ကျောင်းတွေမှာ အင်အား ဖြည့်ဆည်းပေးတာတွေနဲ့ ဝါရင့်ကျွမ်းကျင်ဆရာတွေက ဘာသာရပ်အလိုက်ဆွေးနွေးပွဲတွေ ပြုလုပ်နေတာဖြစ်ပါတယ် ။

?bph6