ပန္းေတာင္းမွာ ၀မ္းေရာဂါလို႔ သံသယျဖစ္စရာေရာဂါျဖစ္ လူတစ္ဦးေသဆံုး (႐ုပ္/သံ)

0
86

ပန္ေတာင္းျမိဳ႕နယ္မွာ ၀မ္းပ်က္၀မ္းေလ်ာလို႕ယူဆရတဲ႔႕ ေရာဂါေၾကာင့္လူတစ္ေယာက္ေသဆုံး ျပီးေရာဂါျဖစ္ပြားေနသူအခ်ိဳ႕ေဆးကုသခံယူေနပါတယ္ ။ ဒီသတင္းကို MCN ျပည္ သတင္းေထာက္ ဟန္ထူးေဇာ္ကေပးပို႕ထားပါတယ္ ။

ေဖေဖာ္၀ါရီ၉ရက္ေန႕ ညေနက ပန္ေတာင္းျမိဳ႕နယ္ ေဖာင္ကန္ရပ္ကြက္မွာ အမ်ိဳးသမီး၁ဦး ၀မ္းသြားျပီး အဖ်ားေရာဂါနဲ႕အတူ ပန္ေတာင္းျပည္သူ႕ေဆးရုံၾကီးကို ပို႕ေဆာင္ရာမွာ လမ္းတ၀က္မွာတင္ ေသဆုံးမႈျဖစ္ပြားခဲ့တာပါ ။

အခုလိုေသဆုံးမႈနဲ႕ပတ္သတ္ျပီး က်န္းမာေရး၀န္ထမ္းေတြက ၀မ္းပ်က္၀မ္းေလ်ာေရာဂါလို႕ ယူဆရတာေၾကာင့္ နာရီပိုင္းအတြင္း အဲ့ဒီေနရာကို သြားေရာက္ျပီး စစ္ေဆးမႈ႕ေတြျပဳလုပ္ခဲ့ပါတယ္ ။

Soundbite – ေဒၚေအးသန္း (ေသဆုံးသူ အမ်ိဳးသမီး၏မိခင္)

ဒါအျပင္ ေဖာကန္႔ရပ္ကြက္ထဲက ေအာင္ေျမဘုံစ်ာန္ဘုန္းၾကီးေက်ာင္းက ေက်ာင္းထိုင္ဆရာေတာ္အပါ၀င္ သံဃာေတာ္အခ်ိဳ႕ လည္း ၀မ္းပ်က္၀မ္းေလ်ာေတြျဖစ္ပြားေနေၾကာင္း ဆရာေတာ္ကမိန္႔ပါတယ္ ။

အင္တာဗ်ဴး ဦး၀ိဇယ ေက်ာင္းထိုင္ (ေအာင္ေျမဘုံစ်ာန္ေက်ာင္း)

အခုလို ၀မ္းေရာဂါလိုသံသယရွိတဲ႔အေျခအေနကို သက္ဆိုင္ရာက်န္းမာေရးဌာနက သြားေရာက္စစ္ေဆးကုသမႈေတြျပဳလုပ္ခဲ႔ျပီး ေဆးကုသမႈေတြလုပ္ေဆာင္ေနတဲ႔အတြက္ စိုးရိမ္စရာမရွိေတာ႔ေၾကာင္း ႕ပန္ေတာင္းေဆးရုံအုပ္ၾကီးကေျပာပါတယ္ ။

Soundbite – ေဒါက္တာေက်ာ္မင္းအုဋ္(ပန္ေတာင္းျပည္သူ႕ေဆးရုံအုပ္ၾကီး)

လက္ရွိအခ်ိန္မွာ ပန္ေတာင္းျမိဳ႕နယ္ ေဖာင္ကန္ရပ္ကြက္က ေရာဂါျဖစ္ပြားတဲ႔ေနရာေတြကို ကာကြယ္မႈေတြျပဳလုပ္ထားျပီး ျပည္သူေတြကိုက်န္းမာေရးအသိပညာေပးတာေတြကိုလုပ္ေဆာင္ေနပါတယ္ ။ ကူးစက္ ၀မ္းေရာဂါ ဟုတ္မဟုတ္အတည္ျပဳနိုင္ဖို႔အတြက္ လူနာေတြရဲ႕ဲ ၀မ္းနာမူနာကို အမိ်ဳးသားဓါတ္ခဲြခန္းကိုေပးပို႔ထားပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပန်တောင်းမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျောလို့ယူဆရတဲ့ ရောဂါကြောင့်လူတစ်ယောက်သေဆုံး ပြီးရောဂါဖြစ်ပွားနေသူအချို့ဆေးကုသခံယူနေပါတယ် ။ ဒီသတင်းကို MCN ပြည် သတင်းထောက် ဟန်ထူးဇော်ကပေးပို့ထားပါတယ် ။

ဖေဖော်ဝါရီ၉ရက်နေ့ ညနေက ပန်တောင်းမြို့နယ် ဖောင်ကန်ရပ်ကွက်မှာ အမျိုးသမီး၁ဦး ဝမ်းသွားပြီး အဖျားရောဂါနဲ့အတူ ပန်တောင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ရာမှာ လမ်းတဝက်မှာတင် သေဆုံးမှုဖြစ်ပွားခဲ့တာပါ ။

အခုလိုသေဆုံးမှုနဲ့ပတ်သတ်ပြီး ကျန်းမာရေးဝန်ထမ်းတွေက ဝမ်းပျက်ဝမ်းလျောရောဂါလို့ ယူဆရတာကြောင့် နာရီပိုင်းအတွင်း အဲ့ဒီနေရာကို သွားရောက်ပြီး စစ်ဆေးမှု့တွေပြုလုပ်ခဲ့ပါတယ် ။

Soundbite – ဒေါ်အေးသန်း (သေဆုံးသူ အမျိုးသမီး၏မိခင်)

ဒါအပြင် ဖောကန့်ရပ်ကွက်ထဲက အောင်မြေဘုံဈာန်ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်အပါဝင် သံဃာတော်အချို့ လည်း ဝမ်းပျက်ဝမ်းလျောတွေဖြစ်ပွားနေကြောင်း ဆရာတော်ကမိန့်ပါတယ် ။

အင်တာဗျူး ဦးဝိဇယ ကျောင်းထိုင် (အောင်မြေဘုံဈာန်ကျောင်း)

အခုလို ဝမ်းရောဂါလိုသံသယရှိတဲ့အခြေအနေကို သက်ဆိုင်ရာကျန်းမာရေးဌာနက သွားရောက်စစ်ဆေးကုသမှုတွေပြုလုပ်ခဲ့ပြီး ဆေးကုသမှုတွေလုပ်ဆောင်နေတဲ့အတွက် စိုးရိမ်စရာမရှိတော့ကြောင်း ့ပန်တောင်းဆေးရုံအုပ်ကြီးကပြောပါတယ် ။

Soundbite – ဒေါက်တာကျော်မင်းအုဋ်(ပန်တောင်းပြည်သူ့ဆေးရုံအုပ်ကြီး)

လက်ရှိအချိန်မှာ ပန်တောင်းမြို့နယ် ဖောင်ကန်ရပ်ကွက်က ရောဂါဖြစ်ပွားတဲ့နေရာတွေကို ကာကွယ်မှုတွေပြုလုပ်ထားပြီး ပြည်သူတွေကိုကျန်းမာရေးအသိပညာပေးတာတွေကိုလုပ်ဆောင်နေပါတယ် ။ ကူးစက် ဝမ်းရောဂါ ဟုတ်မဟုတ်အတည်ပြုနိုင်ဖို့အတွက် လူနာတွေရဲဲ့ ဝမ်းနာမူနာကို အမျိုးသားဓါတ်ခွဲခန်းကိုပေးပို့ထားပါတယ်ခင်ဗျာ ။

?bph6