ပန္ေတာင္းျမိဳ႕နယ္မွာ ၀မ္းပ်က္၀မ္းေလ်ာလို႕ယူဆရသည္႕ ေရာဂါ ျဖစ္ပြားေန

0
756

ေဖေဖာ္၀ါရီ၉ရက္ေန႕ ညေနက ပန္ေတာင္းျမိဳ႕နယ္ ေဖာင္ကန္ရပ္ကြက္မွာ အမ်ိဳးသမီး၁ဦး ၀မ္းသြားျပီး အဖ်ားေရာဂါနဲ႕အတူ ပန္ေတာင္းျပည္သူ႕ေဆးရုံၾကီးကို ပို႕ေဆာင္ရာမွာ လမ္းတ၀က္မွာတင္ေသဆုံးမႈျဖစ္ပြားခဲ့ပါတယ္။

အဆိုပါေသဆုံးမႈနဲ႕ပတ္သတ္ျပီး က်န္းမာေရး၀န္ထမ္းေတြက ၀မ္းပ်က္၀မ္းေလ်ာေရာဂါလို႕ ယူဆရတာေၾကာင့္ နာရီပိုင္းအတြင္း အဲ့ဒီေနရာကို သြားေရာက္ျပီး စစ္ေဆးမႈ႕ေတြျပဳလုပ္ခဲ့ပါတယ္။


ေသဆုံးမႈ႕မျဖစ္ခင္ ေဖေဖာ္၀ါရီ၇ရက္ေန႕ကတည္းက အဲ့ဒီရပ္ကြက္က ေအာင္ေျမဘုံစ်ာန္ဘုန္းၾကီးေက်ာင္းမွာ ေက်ာင္းထိုင္ဆရာေတာ္အပါ၀င္ သံဃာေတာ္အခ်ိဳ႕ ၀မ္းပ်က္၀မ္းေလ်ာေတြျဖစ္ေပၚေနပါတယ္။

ရာဂါျဖစ္ပြားတဲ့ေနရာကို သြားေရာက္စစ္ေဆးရာမွာေတာ့ လူပုဂိၢဳလ္၂ဦး သံဃာ၅ပါးကိုစစ္ေဆးေတြ႕ရွိရျပီး အမ်ိဳးသမီး၁ဦးနဲ႕ ကိုယ္ရင္၁ပါးကို အတြင္းလူနာျဖင့္ကုသေနရျပီး က်န္သူေတြကေတာ့ စိုးရိမ္ရတဲ့အေနအထားမရွိဘူးလို႕ ပန္ေတာင္းေဆးရုံအုပ္ၾကီးကေျပာပါတယ္။


အဲ့ဒီေသဆုံးမႈနဲ႕ပတ္သတ္ျပီး ျဖစ္ပြားရာေနရာကို ထုံးတားျခင္း ရပ္ကြက္ေနျပည္သူမ်ားကိုေရာဂါနဲ႕ပတ္သတ္သည္႕ ဗဟုသုတမ်ားကို ေျပာၾကားျခင္းတို႕ကို ျပဳလုပ္ေနသလို ရပ္ကြက္ထိပ္မွာလဲ ယာယီေဆးေပးခန္းကို ျပဳလုပ္ထားပါတယ္။ ေရာဂါကိုအတည္ျပဳနိုင္ဖို႕အတြက္ ၀မ္းသြားသည္႕ လူနာ၇ဦးရဲ႕ ၀မ္းနာမူနာကိုေတာ့ အမိ်ဳးသားဓါတ္ခဲြခန္းကိုေပးပို႕ထားတယ္လို႕သိရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပန်တောင်းမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျောလို့ယူဆရသည့် ရောဂါ ဖြစ်ပွားနေ

ဖေဖော်ဝါရီ၉ရက်နေ့ ညနေက ပန်တောင်းမြို့နယ် ဖောင်ကန်ရပ်ကွက်မှာ အမျိုးသမီး၁ဦး ဝမ်းသွားပြီး အဖျားရောဂါနဲ့အတူ ပန်တောင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ရာမှာ လမ်းတဝက်မှာတင်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါသေဆုံးမှုနဲ့ပတ်သတ်ပြီး ကျန်းမာရေးဝန်ထမ်းတွေက ဝမ်းပျက်ဝမ်းလျောရောဂါလို့ ယူဆရတာကြောင့် နာရီပိုင်းအတွင်း အဲ့ဒီနေရာကို သွားရောက်ပြီး စစ်ဆေးမှု့တွေပြုလုပ်ခဲ့ပါတယ်။

သေဆုံးမှု့မဖြစ်ခင် ဖေဖော်ဝါရီ၇ရက်နေ့ကတည်းက အဲ့ဒီရပ်ကွက်က အောင်မြေဘုံဈာန်ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော်အပါဝင် သံဃာတော်အချို့ ဝမ်းပျက်ဝမ်းလျောတွေဖြစ်ပေါ်နေပါတယ်။

ရောဂါဖြစ်ပွားတဲ့နေရာကို သွားရောက်စစ်ဆေးရာမှာတော့ လူပုဂ္ဂိုလ်၂ဦး သံဃာ၅ပါးကိုစစ်ဆေးတွေ့ရှိရပြီး အမျိုးသမီး၁ဦးနဲ့ ကိုယ်ရင်၁ပါးကို အတွင်းလူနာဖြင့်ကုသနေရပြီး ကျန်သူတွေကတော့ စိုးရိမ်ရတဲ့အနေအထားမရှိဘူးလို့ ပန်တောင်းဆေးရုံအုပ်ကြီးကပြောပါတယ်။

အဲ့ဒီသေဆုံးမှုနဲ့ပတ်သတ်ပြီး ဖြစ်ပွားရာနေရာကို ထုံးတားခြင်း ရပ်ကွက်နေပြည်သူများကိုရောဂါနဲ့ပတ်သတ်သည့် ဗဟုသုတများကို ပြောကြားခြင်းတို့ကို ပြုလုပ်နေသလို ရပ်ကွက်ထိပ်မှာလဲ ယာယီဆေးပေးခန်းကို ပြုလုပ်ထားပါတယ်။ ရောဂါကိုအတည်ပြုနိုင်ဖို့အတွက် ဝမ်းသွားသည့် လူနာ၇ဦးရဲ့ ဝမ်းနာမူနာကိုတော့ အမျိုးသားဓါတ်ခွဲခန်းကိုပေးပို့ထားတယ်လို့သိရပါတယ်။

?bph6