မြိတ်မြို့မှာ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု သင်တန်းကို အခမဲ့ပေးနေ (ရုပ်/သံ)

0
379





လျှပ်စစ်ဝန်ကြီးဌာန


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်တွေ အလုပ်အကိုင် အခွင့်လမ်း ရရှိစေဖို့ အတွ့က်အခြေခံလျှပ်စစ် ကျွမ်းကျင်မှုသင်တန်းကို မြိတ်မြို့မှာ ဖွင့်လှစ်သင်ကြားပေးနေပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်ကပေးပို့ထားပါတယ် ။

တနင်္သာရီတိုင်းဒေသကြီးအတွင်းက ့မြို့နယ်တွေမှာ လျှပ်စစ်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေရှိနေပေမယ့် ကျွမ်းကျင်လုပ်သားရှားပါးနေတာကြောင့် အခြေခံလျှပ်စစ်ကျွမ်းကျင်မှု သင်တန်းကို အခမဲ့ပေးနေပါတယ် ။
အဲ့ဒီသင်တန်းကို မြိတ်မြို့မှာ ဖဖော်ဝါရီလ (၅) ရက်နေ့ကစတင်ဖွင့်လှစ်သင်ကြားနေတာဖြစ်ကာ သင်တန်းကာလ တစ်လနီးပါးကြာမြင့်မှာဖြစ်ပြီး သင်တန်းသား ၈၀ ကိုသင်ကြားနေတာပါ ။

Soundbite – ဦးထွန်းဝင်း စီစဉ်သူ
Power Engineerig Service

ဒီသင်တန်းကို ဖွင့်လှစ်ဖို့လုပ်ဆောင်တဲ့နေရမှာ လာရောက်လေလျာက်ထားသူ ၂၀ဝ နီးပါးရှိပေမယ့်နေရာအခက်အခဲနဲ့ ငွေးရေးကြေးရေးဆိုင်ရာ လိုအပ်ချက်တွေရှိနေသေးတာပါ ။ အခုလို သင်တန်းတွေဖွင့်လှစ်သင်ကြားနိုင်တဲ့အတွက် တိုင်းဒေသကြီးအတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေတိုးပွားလာမှာဖြစ်ကြောင်း မြိတ်ခရိုင် လျှပ်စစ်ဝန်ကြီးဌာန လက်ထောက်ညွန်ကြားရေးမှူ ကပြောပါတယ် ။

Soundbite – ဦးစန်းဝင်း လက်ထောက်ညွန်ကြားရေးမှူး
လျှပ်စစ်ဝန်ကြီးဌာန

လျှပ်စစ် ကျွမ်းကျင်မှု သင်တန်းကို Power Engineerig Service၊ PTC ဝန်ဆောင်မှု ကုမ္ပဏီ၊ PPT/ ASKနှင့် မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်တို့က လုပ်ငန်းရှင်တွေက သင်တန်းဖြစ်မြောက်ရေးကူညီခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ ။

?bph6