တားျမစ္ခ်က္ မလိုက္နာတဲ့ Ocean Blue ဟိုတယ္ကို ပုသိမ္ၿမိဳ႕နယ္ တရား႐ံုးမွာ တရားစြဲ

0
2813

အေဆာက္အဦးသစ္ မေဆာက္ဖို႔ ဧရာဝတီတိုင္းအစိုးရရဲ႕ တားျမစ္ခ်က္ကို မလိုက္နာတဲ့ ေငြေဆာင္ဟိုတယ္ဇုန္ထဲက Ocean Blue ဟိုတယ္ကို မေန႔က ဇန္နဝါရီ ၂၅ ရက္ေန႔ ပုသိမ္ၿမိဳ႕နယ္ တရား႐ံုးမွာ တရားစြဲလိုက္ပါတယ္။

ေဒသခံ ေျမပိုင္ရွင္ေတြကို ေလ်ာ္ေၾကးမေပးဘဲ ဟိုတယ္လုပ္ငန္း လုပ္ကိုင္တယ္လို႔ တိုင္ၾကားမႈေတြ ရွိတဲ့အတြက္ တိုင္းအစိုးရက အေဆာက္အဦးသစ္ေတြ မေဆာက္ၾကဖို႔ မႏွစ္က ဇြန္လမွာ စတင္ စာထုတ္တားျမစ္ထားတာ ျဖစ္ပါတယ္။

ဒါေပမယ့္ Grand Ngwe Saung ဟိုတယ္နဲ႔ Ocean Blue ဟိုတယ္တို႔က မလိုက္တာလို႔ ဒုတိယအႀကိမ္ စာထုတ္တားျမစ္ခဲ့ၿပီး Ocean Blue ဟိုတယ္က တတိယအႀကိမ္ စာထုတ္ျပန္တဲ့အထိ ဆက္လုပ္ေနလို႔ တိုင္းအစိုးရရဲ႕ ညႊန္ၾကားခ်က္နဲ႔ စည္ပင္ကတဆင့္ တရားစြဲတာ ျဖစ္ပါတယ္။

စည္ပင္သာယာေရး ဥပေဒအရ တရားစြဲတာ ျဖစ္တယ္လို႔ ေငြေဆာင္ၿမိဳ႕ စည္ပင္သာယာေရးက တာဝန္ရွိသူ ဦးလိႈင္ဝင္းဟန္က အတည္ျပဳေပမယ့္ Ocean Blue ဟိုတယ္ တာဝန္ခံ ေဒၚဥမၼာေစာက အခုခ်ိန္ထိ ဘာမွ မသိရွိရေသးဘူးလို႔ ေျဖၾကားပါတယ္။

ေငြေဆာင္ကမ္းေျခ ေျမဧက ၃၁၅ ဧကေပၚမွာ ဟိုတယ္အမည္ေပါက္ ၂၂ လံုးရွိၿပီး ေဒသခံေတြနဲ႔ ေျမေလ်ာ္ေၾကး မေျပလည္တာေၾကာင့္ အေဆာက္အဦး အသစ္ေတြ မေဆာက္ဖို႔ တားျမစ္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

တားမြစ်ချက် မလိုက်နာတဲ့ Ocean Blue ဟိုတယ်ကို ပုသိမ်မြို့နယ် တရားရုံးမှာ တရားစွဲ

အဆောက်အဦးသစ် မဆောက်ဖို့ ဧရာဝတီတိုင်းအစိုးရရဲ့ တားမြစ်ချက်ကို မလိုက်နာတဲ့ ငွေဆောင်ဟိုတယ်ဇုန်ထဲက Ocean Blue ဟိုတယ်ကို မနေ့က ဇန်နဝါရီ ၂၅ ရက်နေ့ ပုသိမ်မြို့နယ် တရားရုံးမှာ တရားစွဲလိုက်ပါတယ်။

ဒေသခံ မြေပိုင်ရှင်တွေကို လျော်ကြေးမပေးဘဲ ဟိုတယ်လုပ်ငန်း လုပ်ကိုင်တယ်လို့ တိုင်ကြားမှုတွေ ရှိတဲ့အတွက် တိုင်းအစိုးရက အဆောက်အဦးသစ်တွေ မဆောက်ကြဖို့ မနှစ်က ဇွန်လမှာ စတင် စာထုတ်တားမြစ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် Grand Ngwe Saung ဟိုတယ်နဲ့ Ocean Blue ဟိုတယ်တို့က မလိုက်တာလို့ ဒုတိယအကြိမ် စာထုတ်တားမြစ်ခဲ့ပြီး Ocean Blue ဟိုတယ်က တတိယအကြိမ် စာထုတ်ပြန်တဲ့အထိ ဆက်လုပ်နေလို့ တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ စည်ပင်ကတဆင့် တရားစွဲတာ ဖြစ်ပါတယ်။

စည်ပင်သာယာရေး ဥပဒေအရ တရားစွဲတာ ဖြစ်တယ်လို့ ငွေဆောင်မြို့ စည်ပင်သာယာရေးက တာဝန်ရှိသူ ဦးလှိုင်ဝင်းဟန်က အတည်ပြုပေမယ့် Ocean Blue ဟိုတယ် တာဝန်ခံ ဒေါ်ဥမ္မာစောက အခုချိန်ထိ ဘာမှ မသိရှိရသေးဘူးလို့ ဖြေကြားပါတယ်။

ငွေဆောင်ကမ်းခြေ မြေဧက ၃၁၅ ဧကပေါ်မှာ ဟိုတယ်အမည်ပေါက် ၂၂ လုံးရှိပြီး ဒေသခံတွေနဲ့ မြေလျော်ကြေး မပြေလည်တာကြောင့် အဆောက်အဦး အသစ်တွေ မဆောက်ဖို့ တားမြစ်ထားပါတယ်။

?bph6