?bph6

Place your ads here!

မွန်ပြည်နယ်ဝန်ကြီးချုပ် သတင်းမီဒီယာတွေနဲ့ လစဉ်တွေ့ဆုံမယ်

သတင်းမီဒီယာတွေနဲ့ လစဉ်တွေ့ဆုံသွားမယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ကျင်းပတဲ့ မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ၀န်ကြီးချုပ်က အုပ်ချုပ်ရေးပိုင်းအနေနဲ့ လျှို့ဝှက်ကိစ္စမှအပ သတင်းထုတ်ပြန်ပေးဖို့လိုအပ်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး ဖြေကြားလို့ မရတဲ့ကိစ္စတွေအတွက်ကိုလည်း သတင်းမီဒီယာတွေအနေနဲ့ နားလည်ဖို့ လိုအပ်တယ်လို့လည်း ပြောကြားထားပါတယ်။

adv_banner