ဝေါမြို့နယ်အတွင်းက ကျွဲနွားစားကျက်မြေ (၆၂၈)ဧက ပေါ် ကျူးကျော်ထွန်ယက်မှုတွေ ရှိနေ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အဘားကျေးရွာအုပ်စုထဲက အဘားကျေးရွာအနီးရှိ အုပ်စုပိုင် စားကျက်မြေမှာ ကျူးကျော်ထွန်ယက်မှုတွေရှိနေတာကြောင့် စားကျက်မြေကို အမှီသဟဲပြုနေရတဲ့ ကျွဲ နွား ကောင်ရေ ၁၅၀၀ ကျော်အတွက် စားစရာနေရာမလောက်ငှမှုနဲ့ ကြုံနေရပြီး ဒေသခံတွေကလည်း ရေရှည်မှာ အစာရေစာခက်ခဲလာမှာကို စိုးရိမ်နေကြပါတယ်။

field2

အဲဒီ စားကျက်မြေတွေထဲက အရင်ကတည်းက ကျူးကျော်ဝင်ရောက်ထွန်ယက်တာတွေရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာနေတယ်လိုပ ဒေသခံတွေက ပြောပါတယ်။

abar3

“အုပ်စုတွင်းရှိ ကျွဲ နွားတွေအတွက် စားကျက်မြေဆိုပြီး (၆၂၈)ဧက ရှိပါတယ်။ အရင်က ကျူးကျော်တယ်ဆိုပေမဲ့ စားစရာနေရာ ကျန်နေသေးတယ်။ အခုနှစ်မှာတော့ အုပ်စုဖွဲ့ ဝင်ရောက်ကျူးကျော်မှုတွေကြောင့်ကျွဲ နွားတွေထိန်းကျောင်းဖို့ နေရာမရှိတော့ပါဘူး။ တိုင်းဒေသကြီးအစိုးရကို တင်ပြထားလို့ တားမြစ်စာနဲ့ မကျူးကျော်ရဆိုင်းဘုတ်တွေ စိုက်ထူထားပါပြီ။ အခုကတော့ ၅ ဧကတောင်မှ မကျန်တော့ဘူးလေ။ အစာရေစာရှားပါးမှုကလည်းရှိနေတော့ ရေရှည်မှာ သေတာကိုပဲ လက်ပိုက်ကြည့်နေရမယ့် သဘောဆောင်နေပြီ။ ထိထိရောက်ရောက် ကွင်းဆင်းတိုင်းတာသတ်မှတ်ဆောင်ရွက်သင့်ပါတယ်”လို့ ဒေသခံတောင်သူဦးကျော်သူရက MCN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စားကျက်မြေထဲ အားပြင်းတဲ့ ပေါင်းသတ်ဆေးတွေ ဖျန်းထားတာမသိဘဲ ကျွဲ နွားတွေကို လွှတ်ထားမိတာကြောင့် ကျွဲ နွားတွေ စားမိရာကနေ ခြောက်ကောင် သေဆုံးခဲ့တယ်လို့ ဒေသခံတောင်သူတစ်ဦးဖြစ်တဲ့ ဦးမြင့်နိုင်က ပြောကြားခဲ့ပါတယ်။

အဘားကျေးရွှာအုပ်ချူပ်ရေးမှူး ဦးမြင့်အောင်ကတော့ “စားကျက်မြေဆိုတာကတော့ သူတို့လည်းသိပါတယ်။ ဟုတ်ပါတယ် ကျွန်တော်တို့ အဖိုးအဖွားတွေလက်ထက်ကတည်းကပါပဲ။ တားမြစ်စာတွေ အကြိမ်ကြိမ်ပို့ထားတာပါ။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တင်ပြထားပါတယ်။အခုတော့ ကျူးကျော်သူနဲ့ကျွဲသမားကြားမှာ ပြဿနာရှိနေတယ်ဆိုတဲ့ သဘောပါပဲ ဥပဒေနှင့်အညီ တိုင်ပင်ညှိနှိုင်းပြီး အရေးယူသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး ဝေါမြို့နယ် မြေစာရင်းဦးစီးဌာနကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner