
0
104



အပူပိုင်းဒေသ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အအေးပိုင်းဒေသက စပျစ်မျိုးကို စမ်းသပ်စိုက်ပျိုးနိုင်ဖို့အတွက် နည်းပညာအကူအညီနဲ့ စိုက်ပျိုးခဲ့တာလို့ စပျစ်ခြံပိုင်ရှင် ဦးဇော်ခင်က ပြောပါတယ်။








နည်းပညာအကူအညီနဲ့ စပျစ်စမ်းသပ် စိုက်ပျိုးမှု အောင်မြင်


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွာတုံကျေးရွာမှာ နည်းပညာအကူအညီနဲ့ စပျစ်စမ်းသပ် စိုက်ပျိုး အောင်မြင်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရွာတုံကျေးရွာ ကျောက္ကာလမ်းဘေးမှာ ရှမ်းပြည်နယ်က ထွက်ရှိတဲ့ စပျစ်မျိုးကို စမ်းသပ်စိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းခဲ့တာ ဖြစ်ပါတယ်။


အပူပိုင်းဒေသ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အအေးပိုင်းဒေသက စပျစ်မျိုးကို စမ်းသပ်စိုက်ပျိုးနိုင်ဖိ်ု့အတွက် နည်းပညာအကူအညီနဲ့ စိုက်ပျိုးခဲ့တာလို့ စပျစ်ခြံပိုင်ရှင် ဦးဇော်ခင်က ပြောပါတယ်။


Soundbite ဦးဇော်ခင် (စပျစ်ခြံပိုင်ရှင်)
ရွာတုံကျေးရွာ၊ မုံရွာမြို့နယ်


စပျစ်စတင်စိုက်ပျိုးရာမှာ ၆ လက်မ ပတ်လည် မြေကျင်းတူး စိုက်ပျိုးရတာဖြစ်ပြီး၊ စပျစ်တစ်ပင်နဲ့ တစ်ပင်အကြား ၆ ပေကြား စိုက်ပျိုးရတာ ဖြစ်ပါတယ်။
အဲဒီလို စိုက်ပျိုးထားတဲ့ စပျစ်ပင်တွေကို ၆ လသားအရွယ်မှာ ကိုင်းပွားပြီး ၁ နှစ်သားအရွယ်မှာ နည်းပညာနဲ့ အသီးသီးခိုင်းတယ်လို့ ဦးဇော်ခင်က ပြောပါတယ်။


Soundbite ဦးဇော်ခင် (စပျစ်ခြံပိုင်ရှင်)
ရွာတုံကျေးရွာ၊ မုံရွာမြို့နယ်


စပျစ်သီးခူးဆွတ်ချိန်မှာ တစ်ရက်ကို ပိဿာချိန် ၂၀ဝ ကနေ ၃၀ဝ အထိခူးဆွတ်ရပြီး ရက်ပေါင်း ၂၀ အထိ စပျစ်သီး ခူးဆွတ်နိုင်တာ ဖြစ်ပါတယ်။ ၁ နှစ်ကို စပျစ်သီး ပိဿာချိန် ၁၂၀ဝ၀ ခန့်ရရှိတယ်လို့ စပျစ်ခြံပိုင်ရှင် ဦးဇော်ခင်က ပြောပါတယ် ခင်ဗျာ။