ငါးရက္အတြင္း ေတာင္သူလယ္သမား အသက္အာမခံ ေလွ်ာက္ထားသူ ၇၀ ေက်ာ္ ရွိ

0
103

ရခိုင္ျပည္နယ္မွာ (၅) ရက္အတြင္း ေတာင္သူလယ္သမား အသက္အာမခံ လာေရာက္ေလွ်ာက္ထားသူ ၇၀ ေက်ာ္ထိ ရွိေနပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ျမန္မာ့အာမခံလုပ္ငန္းကေန ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က စတင္ၿပီး ရခိုင္ျပည္နယ္အတြင္းမွာရွိတဲ့ ေတာင္သူလယ္သမား ေတြကို အသက္အာမခံျပဳလုပ္ေပးေနတာပါ။

ၿပီးခဲဲ့တဲ့ႏွစ္က အသက္အာမခံေၾကး လာေရာက္ေလွ်ာက္ထားသူ ၂၆၀ ေက်ာ္ရွိခဲ့ၿပီး အခုႏွစ္မွာေတာ့ ၅ ရက္အတြင္း ၇၀ ေက်ာ္ထိ ေလွ်ာက္ထားခဲ့ၾကတာျဖစ္ၿပီး အရင္ႏွစ္ကထက္ ေလွ်ာက္ထားသူအေရအတြက္ တုိးလာႏုိင္ေၾကာင္း ျမန္မာ့ အာမခံလုပ္ငန္း ရခိုင္ျပည္နယ္တာဝန္ခံက ေျပာပါတယ္။

အင္တာဗ်ဴး – ဦးခင္ေဖ (ရခိုင္ျပည္နယ္တာဝန္ခံ)

    ျမန္မာ့အာမခံလုပ္ငန္း

အာမခံလာေရာက္ေလွ်ာက္ထားတဲ့ ေတာင္သူေတြအေနနဲ႔ တစ္ဦးကို တစ္ေထာင္က်ပ္တန္ကေန တစ္ေသာင္းက်ပ္တန္အထိ ျပဳလုပ္နုိင္ၿပီးေတာ့ အဲ့ဒီေျပစာကို တစ္ႏွစ္တစ္ႀကိမ္စီ အသစ္ျပန္လည္ျပဳလုပ္သြားရမွာျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးခင္ေဖ (ရခိုင္ျပည္နယ္တာဝန္ခံ)

    ျမန္မာ့အာမခံလုပ္ငန္း

ဒါ့အျပင္ ရခုိင္ျပည္နယ္ရဲ႕ ၇၀ ရာႏႈန္းခန္႔ဟာ ေတာင္သူေတြျဖစ္ၾကေပမယ့္ လက္ရွိအေနအထားအရ အာမခံလာေရာက္ေလွ်ာက္ထားသူ ပမာဏဟာ နည္းပါးေနေသးတယ္လို႔လည္း ေျပာပါတယ္ခင္ဗ်ာ။

ငါးရက်အတွင်း တောင်သူလယ်သမား အသက်အာမခံ လျှောက်ထားသူ ၇၀ ကျော် ရှိ


ရခိုင်ပြည်နယ်မှာ (၅) ရက်အတွင်း တောင်သူလယ်သမား အသက်အာမခံ လာရောက်လျှောက်ထားသူ ၇၀ ကျော်ထိ ရှိနေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။


မြန်မာ့အာမခံလုပ်ငန်းကနေ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က စတင်ပြီး ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ တောင်သူလယ်သမား တွေကို အသက်အာမခံပြုလုပ်ပေးနေတာပါ။
ပြီးခဲ့တဲ့နှစ်က အသက်အာမခံကြေး လာရောက်လျှောက်ထားသူ ၂၆၀ ကျော်ရှိခဲ့ပြီး အခုနှစ်မှာတော့ ၅ ရက်အတွင်း ၇၀ ကျော်ထိ လျှောက်ထားခဲ့ကြတာဖြစ်ပြီး အရင်နှစ်ကထက် လျှောက်ထားသူအရေအတွက် တိုးလာနိုင်ကြောင်း မြန်မာ့ အာမခံလုပ်ငန်း ရခိုင်ပြည်နယ်တာဝန်ခံက ပြောပါတယ်။


အင်တာဗျူး – ဦးခင်ဖေ (ရခိုင်ပြည်နယ်တာဝန်ခံ)
မြန်မာ့အာမခံလုပ်ငန်း


အာမခံလာရောက်လျှောက်ထားတဲ့ တောင်သူတွေအနေနဲ့ တစ်ဦးကို တစ်ထောင်ကျပ်တန်ကနေ တစ်သောင်းကျပ်တန်အထိ ပြုလုပ်နိုင်ပြီးတော့ အဲ့ဒီပြေစာကို တစ်နှစ်တစ်ကြိမ်စီ အသစ်ပြန်လည်ပြုလုပ်သွားရမှာဖြစ်ပါတယ်။


အင်တာဗျူး – ဦးခင်ဖေ (ရခိုင်ပြည်နယ်တာဝန်ခံ)
မြန်မာ့အာမခံလုပ်ငန်း


ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ ၇၀ ရာနှုန်းခန့်ဟာ တောင်သူတွေဖြစ်ကြပေမယ့် လက်ရှိအနေအထားအရ အာမခံလာရောက်လျှောက်ထားသူ ပမာဏဟာ နည်းပါးနေသေးတယ်လို့လည်း ပြောပါတယ်ခင်ဗျာ။