၈၈ငြိမ်း/ပွင့်အနေနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပြီး နိုင်ငံရေးကို လွတ်လပ်စွာ လုပ်ဆောင်နိုင်တယ်လို့ ကိုဂျင်မီက ဆို

0
292

လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း ၈၈ငြိမ်းချမ်းရေးနှင့် ပွင့် လင်း လူ အဖွဲ့အစည်းက ပုဂိုလ်အချို့အနေနဲ့ နိုင်ငံရေးကို ဆက်လက်လုပ်ကိုင်ဖို့ စိတ်အားထက် သန် တွေ သူရှိနေကြပြီး ကိုယ်နည်းကိုယ်ဟန်နဲ့ နိုင်ငံရေး လုပ်ငန်းစဉ်များကိုဆက်လက် လုပ်ဆောင်နိုင်ဖို့ ပါတီတစ်ခုကို ထူထောင်မယ်ဆိုတဲ့ အသံတွေ လူမှုကွန်ယက်စာမျက်နှာတွေမှာ တွေ့လာရပါတယ်။

အဲဒီလိုအသံတွေ ထွက်ပေါ်နေတဲ့ အတွက် နိုင်ငံရေးကိုစိတ်ဝင်စားသူများ၊စောင့်ကြည့်လေ့လာသူများကလည်း ထင်မြင်သုံးသပ်ချက်တွေ အမျိုးမျိုးရေးသားဝေဖန်မှုတွေလည်း ရှိနေကြပြန်ပါတယ်။၈၈ငြိမ်းချမ်း ရေးနဲ့ပွင့် လင်း လူ့အဖွဲ့စည်းရဲ့ဦင်္းဆောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုဂျင်မီကို MCNသတင်းဌာနက သီးခြားဆက်သွယ် မေးမြန်းရာမှာတော့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှာပါဝင်သူတွေနဲ့ စာချုပ်ထားတာမရှိဘူး၊ကိုယ်စိတ်ကြိုက် ကိုယ် ကြိုက် တာကို လွတ်လွတ်လပ်လပ် လုပ်နိုင်ပါတယ်လို့ဆိုပါတယ်။သူ့အနေနဲ့ကတော့ ဒီမိုကရေစီစနစ်ကို စတင် ဖော်ဆောင်နေတဲ့ ကာလမှာ ပြင်ပဒီမိုကရေစီအင်းအားစုတွေအနေနဲ့ အားကောင်းဖို့လို့တယ်လို့ဆိုပါတယ်။