ဝါးစိမ္းေတာင္ သစ္ေတာအတြင္း ပါဝင္ေနတဲ့ ယာေျမေတြ ျပန္လည္ရ႐ွိဖို႔ ေတာင္းဆို

0
286

ဝါးစိမ္းေတာင္ သစ္ေတာႀကိဳးျပင္ကာကြယ္ေတာဧရိယာထဲမွာ ပါဝင္ေနတဲ႔ ယာေျမေတြ ျပန္လည္ရ႐ွိဖို႔ ေတာင္သူေတြ ဆႏၵထုတ္ေဖၚ ေတာင္းဆိုခဲ႔ပါတယ္။ MCN မုံရြာသတင္းေထာက္ ထြန္းလင္းဦးက ေပးပို႔ထား ၿပီး တင္ေမာင္ေထြးက တင္ဆက္ေပးထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ယင္းမာပင္ၿမိဳ႕နယ္ ဝါးစိမ္းေတာင္သစ္ေတာ ႀကိဳးျပင္ကာကြယ္ဧရိယာအတြင္းမွာ ယာေျမဧက တစ္ေသာင္းေက်ာ္ပါဝင္ေနတယ္ဆိုၿပီး ေတာင္သူေတြက သစ္ေတာႀကိဳးျပင္ကာကြယ္ေရး ဧရိယာအတြင္းက ယာေျမေတြကို ပုံစံ(၇) ထုတ္ေပးဖုိ႔ ဆႏၵျပ ေတာင္းဆိုလိုက္ပါတယ္။

မတ္လ ၃ ရက္ေန႔က မံုရြာၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမေ႐ွ႕ကေန ဘူတာလမ္း၊ ျပည္ေထာင္စုလမ္း၊ ေက်ာကၠာလမ္းနဲ႔ ဗိုလ္ခ်ဳပ္လမ္းတေလွ်ာက္ ဆႏၵျပ ေတာင္းဆိုခဲ႔တာပါ။

Soundbite ဦးေအာင္တိုး (ေတာင္ပုေက်းရြာအုပ္စု ၊ သေျပေအးေက်းရြာ ၊ ယင္းမာပင္ၿမိဳ႕နယ္)

ဝါးစိမ္းေတာင္သစ္ေတာႀကိဳးဝိုင္း ပတ္ဝန္းက်င္ေက်းရြာေတြမွာ႐ွိတဲ႔ ေတာင္သူေတြက ၁၉၆၆ ခုႏွစ္ကတည္း ခုတ္ထြင္ရွင္းလင္းၿပီး သီးႏွံစိုက္ပ်ိဳးခဲ႔ၾကတယ္လို႔ ေျပပါတယ္။

အဲဒီသစ္ေတာႀကိဳးဝိုင္းဧရိယာအျပင္ဘက္ ႀကိဳးျပင္ကာကြယ္ဧရိယာကို ၁၉၉၉ ခုႏွစ္က သတ္မွတ္ခဲ႔တဲ႔အတြက္ ယာေျမဧက တစ္ေသာင္းေက်ာ္ပါဝင္သြားခဲ႔တာ ျဖစ္တယ္လို႔ ေတာင္သူေတြက ေျပာပါတယ္။

Soundbite ဦးရန္ဝင္း (ေတာင္ပုေက်းရြာအုပ္စု ၊သေျပေအးေက်းရြာ ၊ ယင္းမာပင္ၿမိဳ႕နယ္)

အဲဒီလို သစ္ေတာႀကိဳးျပင္ကာကြယ္ဧရိယာထဲ ပါသြားတဲ႔ ယာေျမေတြကို ျပန္လည္ စီစစ္ဖို႔ ၂၀၁၈ ခုႏွစ္မွာ ဒုတိယသမၼတ႐ုံးကေန ညႊန္ၾကားထားတယ္လို႔ ေတာင္သူေတြက ေျပာပါတယ္ ခင္ဗ်ာ။

ဝါးစိမ်းတောင် သစ်တောကြိုးပြင်ကာကွယ်တောဧရိယာထဲမှာ ပါဝင်နေတဲ့ ယာမြေတွေ ပြန်လည်ရရှိဖို့ တောင်သူတွေ ဆန္ဒထုတ်ဖေါ် တောင်းဆိုခဲ့ပါတယ်။ MCN မုံရွာသတင်းထောက် ထွန်းလင်းဦးက ပေးပို့ထား ပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်သစ်တော ကြိုးပြင်ကာကွယ်ဧရိယာအတွင်းမှာ ယာမြေဧက တစ်သောင်းကျော်ပါဝင်နေတယ်ဆိုပြီး တောင်သူတွေက သစ်တောကြိုးပြင်ကာကွယ်ရေး ဧရိယာအတွင်းက ယာမြေတွေကို ပုံစံ(၇) ထုတ်ပေးဖို့ ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။

မတ်လ ၃ ရက်နေ့က မုံရွာမြို့ မြို့တော်ခန်းမရှေ့ကနေ ဘူတာလမ်း၊ ပြည်ထောင်စုလမ်း၊ ကျောက္ကာလမ်းနဲ့ ဗိုလ်ချုပ်လမ်းတလျှောက် ဆန္ဒပြ တောင်းဆိုခဲ့တာပါ။

Soundbite ဦးအောင်တိုး (တောင်ပုကျေးရွာအုပ်စု ၊ သပြေအေးကျေးရွာ ၊ ယင်းမာပင်မြို့နယ်)

ဝါးစိမ်းတောင်သစ်တောကြိုးဝိုင်း ပတ်ဝန်းကျင်ကျေးရွာတွေမှာရှိတဲ့ တောင်သူတွေက ၁၉၆၆ ခုနှစ်ကတည်း ခုတ်ထွင်ရှင်းလင်းပြီး သီးနှံစိုက်ပျိုးခဲ့ကြတယ်လို့ ပြေပါတယ်။

အဲဒီသစ်တောကြိုးဝိုင်းဧရိယာအပြင်ဘက် ကြိုးပြင်ကာကွယ်ဧရိယာကို ၁၉၉၉ ခုနှစ်က သတ်မှတ်ခဲ့တဲ့အတွက် ယာမြေဧက တစ်သောင်းကျော်ပါဝင်သွားခဲ့တာ ဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

Soundbite ဦးရန်ဝင်း (တောင်ပုကျေးရွာအုပ်စု ၊သပြေအေးကျေးရွာ ၊ ယင်းမာပင်မြို့နယ်)

အဲဒီလို သစ်တောကြိုးပြင်ကာကွယ်ဧရိယာထဲ ပါသွားတဲ့ ယာမြေတွေကို ပြန်လည် စီစစ်ဖို့ ၂၀၁၈ ခုနှစ်မှာ ဒုတိယသမ္မတရုံးကနေ ညွှန်ကြားထားတယ်လို့ တောင်သူတွေက ပြောပါတယ် ခင်ဗျာ။