ေတာ႐ိုင္းတိရစာၦန္ထြက္ ပစၥည္း ေဒၚလာ ၁ ဒသမ ၁ သန္းဖိုး ဖ်က္ဆီး

0
255

မေန႔ မတ္လ ၃ ရက္ေန႔က က်ေရာက္တဲ့ ကမာၻ႔ေတာ႐ိုင္းတိရစၧာန္ ေန႔မွာ ေတာ႐ိုင္းတိရစာၦန္ထြက္ ပစၥည္း အေမရိကန္ ေဒၚလာ ၁ ဒသမ ၁ ဖိုးခန္႔ကို မီး႐ိႈ႕ဖ်က္ဆီးခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ရွိ သဘာဝသမိုင္းျပတိုက္ေရွ႕ ေျမကြက္လပ္မွာ မီး႐ိႈ႕ဖ်က္ဆီးခဲ့တာျဖစ္ၿပီး ဆင္စြယ္ ၂၁၉ ေခ်ာင္း၊ က်ားနဲ႔ က်ားသစ္အ႐ိုးမ်ိဳးစံု ၅၂၇ ေခ်ာင္း၊ ဦးခ်ိဳမ်ိဳးစံု အေခ်ာင္း ၈၀၀၊ သင္းေခြခ်ပ္ေၾကးခြံ ၁၃၄ ဒသမ ၇၂ ကီလိုဂရမ္၊ လိပ္ခြံနဲ႔ ဆင္ႏွာေမာင္းေျခာက္ ၅ ဒသမ ၅ ကီလိုဂရမ္၊ တန္ဖိုးအားျဖင့္ က်ပ္သိန္းေပါင္း ၁ ေသာင္း ၇ ေထာင္ေက်ာ္ (အေမရိကန္ ေဒၚလာ ၁ ဒသမ ၁ သန္း) ဖိုး ဖ်က္ဆီးခဲ့တာ ျဖစ္ပါတယ္။

အခမ္းအနားကို ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္သိန္းနဲ႔ တိုင္းဝန္ႀကီးေတြ၊ လႊတ္ေတာ္ ကိုယ္စားလွဝ္ေတြ၊ သံတမန္ေတြ၊ သယံဇာတ ႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက တာဝန္ရွိသူေတြ၊ သစ္ေတာဦးစီးဌာန ဝန္ထမ္းေတြ စတဲ့သူေတြ တက္ေရာက္ခဲ့ၾကပါတယ္။ ပထမအႀကိမ္ မီး႐ႈိ႕ဖ်က္ဆီးမႈကို ၂ဝ၁၈ ခုႏွစ္၊ ေအာက္တိုဘာ ၄ ရက္က ေနျပည္ေတာ္မွာ ျပဳလုပ္ခဲ့ၿပီး အခု ဒုတိယအႀကိမ္မွာ အပိုင္းအစေတြအျဖစ္ ႀကိတ္ခြဲ ဖ်က္ဆီးခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်း ဒေါ်လာ ၁ ဒသမ ၁ သန်းဖိုး ဖျက်ဆီး

မနေ့ မတ်လ ၃ ရက်နေ့က ကျရောက်တဲ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် နေ့မှာ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဖိုးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ရန်ကုန်မြို့ရှိ သဘာဝသမိုင်းပြတိုက်ရှေ့ မြေကွက်လပ်မှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ဆင်စွယ် ၂၁၉ ချောင်း၊ ကျားနဲ့ ကျားသစ်အရိုးမျိုးစုံ ၅၂၇ ချောင်း၊ ဦးချိုမျိုးစုံ အချောင်း ၈၀ဝ၊ သင်းခွေချပ်ကြေးခွံ ၁၃၄ ဒသမ ၇၂ ကီလိုဂရမ်၊ လိပ်ခွံနဲ့ ဆင်နှာမောင်းခြောက် ၅ ဒသမ ၅ ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ၁ သောင်း ၇ ထောင်ကျော် (အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ သန်း) ဖိုး ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနားကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်သိန်းနဲ့ တိုင်းဝန်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှဝ်တွေ၊ သံတမန်တွေ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ သစ်တောဦးစီးဌာန ဝန်ထမ်းတွေ စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။ ပထမအကြိမ် မီးရှို့ဖျက်ဆီးမှုကို ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာ ၄ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး အခု ဒုတိယအကြိမ်မှာ အပိုင်းအစတွေအဖြစ် ကြိတ်ခွဲ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

?bph6