နယ္စပ္ေက်ာ္လို႔ ဖမ္းထားတဲ့ ျမန္မာနယ္ျခားေစာင့္ ရဲတပ္သားကို ဘဂၤလားေဒ့ရွ္ ျပန္လႊဲေပး

0
496

နယ္စပ္ျဖတ္ေက်ာ္ခဲ့တဲ့ ျမန္မာနယ္ျခားေစာင့္ ရဲတပ္သားတစ္ဦးကို ဘဂၤလားေဒ့ရွ္ဘက္က မေန႔ မတ္လ ၃ ရက္ေန႔မွာ ျမန္မာဘက္ကို ျပန္လႊဲေပးလိုက္ပါတယ္။

ရဲတပ္သား ေအာင္ဘိုဘိုသိန္း (၃၀ ႏွစ္) ဟာ ဘဂၤလားေဒ့ရွ္ ပိုင္နက္ထဲကို ႏွစ္လၾကာ နယ္ကြ်ံေရာက္ရွိေနခဲ့ၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၄ ရက္မွာ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ဖြဲ႔က ထိန္းသိမ္းခဲ့တာ ျဖစ္ပါတယ္။ ေအာင္ဘိုဘိုသိန္းကို မေန႔က ႏွစ္ႏိုင္ငံ အလံတင္ အခမ္းအနားမွာ ျပန္လည္ လႊဲေျပာင္းေပးခဲ့တာ ျဖစ္ပါတယ္။

ရဲစခန္းအတြက္ ဝါးခုတ္သြားခဲ့တဲ့ တပ္ဖြဲ႔ဝင္ သံုးဦးအနက္ ရဲတပ္သား ေအာင္ဘိုဘိုသိန္း ေပ်ာက္ဆံုးေနခဲ့တာ ျဖစ္ပါတယ္။ အဖမ္းခံထားရတဲ့ ရဲတပ္သားကိစၥ ဘဂၤလားေဒ့ရွ္ဆိုင္ရာ ျမန္မာသံ႐ံုးက ေဆြးေႏြးဖို႔ ႀကိဳးစားေနေၾကာင္း ေဖေဖာ္ဝါရီလကုန္မွာ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာခဲ့ပါတယ္။ တပ္မေတာ္ကေတာ့ ရဲတပ္သား ေအာင္ဘိုဘိုသိန္းဟာ တပ္ေျပးျဖစ္တယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်စပ်ကျော်လို့ ဖမ်းထားတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်သားကို ဘင်္ဂလားဒေ့ရှ် ပြန်လွှဲပေး

နယ်စပ်ဖြတ်ကျော်ခဲ့တဲ့ မြန်မာနယ်ခြားစောင့် ရဲတပ်သားတစ်ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်က မနေ့ မတ်လ ၃ ရက်နေ့မှာ မြန်မာဘက်ကို ပြန်လွှဲပေးလိုက်ပါတယ်။

ရဲတပ်သား အောင်ဘိုဘိုသိန်း (၃၀ နှစ်) ဟာ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲကို နှစ်လကြာ နယ်ကျွံရောက်ရှိနေခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ အောင်ဘိုဘိုသိန်းကို မနေ့က နှစ်နိုင်ငံ အလံတင် အခမ်းအနားမှာ ပြန်လည် လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ရဲစခန်းအတွက် ဝါးခုတ်သွားခဲ့တဲ့ တပ်ဖွဲ့ဝင် သုံးဦးအနက် ရဲတပ်သား အောင်ဘိုဘိုသိန်း ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ အဖမ်းခံထားရတဲ့ ရဲတပ်သားကိစ္စ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံရုံးက ဆွေးနွေးဖို့ ကြိုးစားနေကြောင်း ဖေဖော်ဝါရီလကုန်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ တပ်မတော်ကတော့ ရဲတပ်သား အောင်ဘိုဘိုသိန်းဟာ တပ်ပြေးဖြစ်တယ်လို့ ပြောပါတယ်။