အြန္လိုင္းကေန ေငြက်ပ္သိန္းေပါင္း ေသာင္းခ်ီ လိမ္လည္သူေတြကို ၆၆/ဂ နဲ႔ အမႈဖြင့္

0
357

အြန္လိုင္းကတစ္ဆင့္ ေငြက်ပ္သိန္းေပါင္းေသာင္းခ်ီ လိမ္လည္ခဲ့သူကို ၆၆/ဂ နဲ႔ အမႈဖြင့္ထားတယ္လို႔ လိမ္လည္ခံရသူေတြက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးကေပးပို႔ ထားပါတယ္။
သိန္းေပါင္းမ်ားစြာလိမ္လည္ခံခဲ့ရေတဲ့ နစ္နာသူေတြက မိမိတို႔ရဲ႕ေငြေၾကးကိုျပန္လည္ေတာင္းခံ ရာမွာ ျပန္မေပးတဲ့ အျပင္လူမႈကြန္ယက္ေပၚမွာေရးသားေဖာ္ျပခဲ့တာပါ။

အဲဒါေၾကာင့္ ေငြေၾကးလိမ္လည္ခဲ့သူ ေဒၚနန္းစႏၵာလင္းက ၆၆/ဃ နဲ႔အမႈဖြင့္ခဲ့တာေၾကာင့္ နစ္နာသူေတြက ၆၆/ဂ နဲ႔ ျပန္လည္အမႈဖြင့္ထားတယ္လို႔ေျပာပါတယ္။
Add on Rich(AOR) နဲ႔ Orium Website က တစ္ဆင့္ လိမ္လည္ခဲ့သူအင္း၀အာယုကုမၸဏီ ပိုင္ရွင္ေဒၚ နန္းစႏၵာလင္းက လူတစ္ေထာင္ေက်ာ္ရဲ႕ သိန္းေပါင္းေျမာက္မ်ား စြာေငြေၾကးေတြကုိ လိမ္လည္ခဲ့တာနဲ႔ ပတ္သက္ၿပီး နစ္နာသူေတြက ေဖေဖာ္၀ါရီ ၂၈ ရက္က MJN ရံုးမွာသတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့တာပါ။

Sound Bite ေဒၚခင္ခင္ေဌး(ေငြလိမ္လည္ခံရသူ)

အြန္လိုင္းကတစ္ဆင့္ေငြက်ပ္သိန္းေပါင္းမ်ားစြာအလိမ္ခံရသူေတြကို ဗဟိုဘဏ္မွာေငြက်ပ္သိန္း ၆ ေသာင္းေက်ာ္အာမခံထားထားၿပီး ေဆာက္လုပ္ေရးငန္းေတြနဲ႔ ေဖ်ာ္ေျဖေရးလုပ္ငန္းေတြ လုပ္ကုိင္မယ္ဆုိၿပိီး ေငြေၾကးလိမ္လည္ခဲ့တာ ျဖစ္ပါတယ္။
ေငြေၾကးထည့္၀င္သူေတြကို အဖြဲ႔လုိက္သတ္မွတ္ထားၿပီး ေဒၚလာ ၃၀၀ ကေန တစ္ေသာင္းထိ အဆင့္လုိက္ သတ္မွတ္ထားသလို ေဒၚလာတစ္ေသာင္းခြဲသြင္းသူတစ္ေယာက္ကို တစ္ရက္မွာ ၇၅ ေဒၚလာ အတိုး နဲ႔ရက္ေပါင္း ၂၇၀ ရရွိမွာ ျဖစ္တယ္လုိ႔ ေငြလိမ္လည္ခံရသူေတြက ေျပာပါတယ္။

Sound Bite ေဒၚ၀င္းမာ(ေငြလိမ္လည္ခံရသူ)

လူေပါင္းတစ္ေထာင္ေက်ာ္ရဲ႕ေငြက်ပ္သိန္းေပါင္းတစ္ေသာင္းေက်ာ္လိမ္လည္ခဲ့တဲ့ ေဒၚနန္းစႏၵာလင္း ကို ၆၆/ဂ အျပင္လိမ္လည္မႈတို႔နဲ႔ အလံုၿမိဳ႕နယ္တရားရံုးမွာ တရားစြဲဆိုထားၿပီး နစ္နာသူေတြအေနနဲ႔ အမွန္တရား ေပၚေပါက္ဖို႔နဲ႔ဥပေဒအရ အေရးယူေဆာင္ရြက္သြား ဖို႔လိုလားတယ္လို႔ လည္းေျပာပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အွန်လိုင်းကနေ ငွေကျပ်သိန်းပေါင်းသောင်းချီ လိမ်လည်သူတွေကို ၆၆/ဂ နဲ့ အမှုဖွင့်

အွန်လိုင်းကတစ်ဆင့် ငွေကျပ်သိန်းပေါင်းသောင်းချီ လိမ်လည်ခဲ့သူကို ၆၆/ဂ နဲ့ အမှုဖွင့်ထားတယ်လို့ လိမ်လည်ခံရသူတွေက ပြောပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ ထားပါတယ်။
သိန်းပေါင်းများစွာလိမ်လည်ခံခဲ့ရတေဲ့ နစ်နာသူတွေက မိမိတို့ရဲ့ငွေကြေးကိုပြန်လည်တောင်းခံ ရာမှာ ပြန်မပေးတဲ့ အပြင်လူမှုကွန်ယက်ပေါ်မှာရေးသားဖော်ပြခဲ့တာပါ။

အဲဒါကြောင့် ငွေကြေးလိမ်လည်ခဲ့သူ ဒေါ်နန်းစန္ဒာလင်းက ၆၆/ဃ နဲ့အမှုဖွင့်ခဲ့တာကြောင့် နစ်နာသူတွေက ၆၆/ဂ နဲ့ ပြန်လည်အမှုဖွင့်ထားတယ်လို့ပြောပါတယ်။
Add on Rich(AOR) နဲ့ Orium Website က တစ်ဆင့် လိမ်လည်ခဲ့သူအင်းဝအာယုကုမ္ပဏီ ပိုင်ရှင်ဒေါ် နန်းစန္ဒာလင်းက လူတစ်ထောင်ကျော်ရဲ့ သိန်းပေါင်းမြောက်များ စွာငွေကြေးတွေကို လိမ်လည်ခဲ့တာနဲ့ ပတ်သက်ပြီး နစ်နာသူတွေက ဖေဖော်ဝါရီ ၂၈ ရက်က MJN ရုံးမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

Sound Bite ဒေါ်ခင်ခင်ဌေး(ငွေလိမ်လည်ခံရသူ)

အွန်လိုင်းကတစ်ဆင့်ငွေကျပ်သိန်းပေါင်းများစွာအလိမ်ခံရသူတွေကို ဗဟိုဘဏ်မှာငွေကျပ်သိန်း ၆ သောင်းကျော်အာမခံထားထားပြီး ဆောက်လုပ်ရေးငန်းတွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုပြိီး ငွေကြေးလိမ်လည်ခဲ့တာ ဖြစ်ပါတယ်။
ငွေကြေးထည့်ဝင်သူတွေကို အဖွဲ့လိုက်သတ်မှတ်ထားပြီး ဒေါ်လာ ၃၀ဝ ကနေ တစ်သောင်းထိ အဆင့်လိုက် သတ်မှတ်ထားသလို ဒေါ်လာတစ်သောင်းခွဲသွင်းသူတစ်ယောက်ကို တစ်ရက်မှာ ၇၅ ဒေါ်လာ အတိုး နဲ့ရက်ပေါင်း ၂၇၀ ရရှိမှာ ဖြစ်တယ်လို့ ငွေလိမ်လည်ခံရသူတွေက ပြောပါတယ်။

Sound Bite ဒေါ်ဝင်းမာ(ငွေလိမ်လည်ခံရသူ)

လူပေါင်းတစ်ထောင်ကျော်ရဲ့ငွေကျပ်သိန်းပေါင်းတစ်သောင်းကျော်လိမ်လည်ခဲ့တဲ့ ဒေါ်နန်းစန္ဒာလင်း ကို ၆၆/ဂ အပြင်လိမ်လည်မှုတို့နဲ့ အလုံမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပြီး နစ်နာသူတွေအနေနဲ့ အမှန်တရား ပေါ်ပေါက်ဖို့နဲ့ဥပဒေအရ အရေးယူဆောင်ရွက်သွား ဖို့လိုလားတယ်လို့ လည်းပြောပါတယ်ရှင်။