ဆင္ကထုတ္တဲ့ ပစၥည္းေတြသံုးစြဲတာ ဥပေဒနဲ႔မညီဘူးလို႔ ဆင္ျပတုိက္အႀကံေပးကေျပာ

0
212

ဆင္ကေနထုတ္လုပ္တဲ့ လူ႔အသံုးေဆာင္ပစၥည္းေတြကို သံုးစြဲေနသူေတြဟာ ဥပေဒနဲ႔မလြတ္ကင္းဘူးလို႔ ဆင္ျပတိုက္အႀကံေပး ေဒၚႏုျမဇံ ကေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ သက္ေနာင္စိုးကေပး ပို႔ထားပါတယ္။

ဆင္စြယ္ကေနထုတ္လုပ္တဲ့ ပစၥည္းေတြကို ေရာင္းခ်ေနသူေတြဟာအျပစ္ရွိေၾကာင္းနဲ႔ ဝယ္ယူသံုးစြဲသူ ေတြဟာလည္း ဥပေဒနဲ႔ မလြတ္ကင္းဘူးလို႔ ဆင္ျပတိုက္အႀကံေပး ေဒၚႏုျမဇံက ေျပာပါတယ္။

ေဖေဖၚဝါရီလ ၂၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕သဘာဝသမိုင္းျပတိုက္ေရွ႕ တိရစာၦန္ဥယ်ာဥ္မွာ ဆင္ျပတိုက္နဲ႔ ပတ္သတ္ၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တာပါ။

Sound Bite – ေဒၚႏုျမဇံ (ဆင္ျပတိုက္အႀကံေပး)

ဒါ့အျပင္ ဆင္ေတြမ်ိဳးမတုန္းေစဖို႔ အသိပညာေပးေရးနဲ႔ ဆင္နဲ႔ပတ္သတ္တဲ့ သေဘာသဘာဝေတြကို ကေလးသူငယ္ေတြသိရွိေစဖို႔ အသိပညာေပးတာျဖစ္တယ္လို႔ ေဒၚႏုျမဇံက ေျပာပါတယ္။

လာမယ့္ မတ္လ ၃ ရက္ေန႔မွာ ကမၻာ့ေတာ႐ိုင္းတိရိစာၦန္မ်ားေန႔ အထိမ္းအမွတ္အျဖစ္ ဆင္ျပတိုက္ကို ဖြင့္လွစ္မယ့္အျပင္ ဖမ္းဆီးရမိတဲ့ ဆင္ရဲ႕အစိတ္အပိုင္းေတြကို မီး႐ႈိ႕ဖ်က္ဆီးတဲ့ အခမ္းအနားလည္း ျပဳလုပ္သြား မွာျဖစ္ပါတယ္။

Sound Bite – ေဒၚႏုျမဇံ (ဆင္ျပတိုက္အႀကံေပး)

လက္ရွိမွာ ေတာဆင္ရိုင္းေတြ ဟာ သစ္ေတာ ျကိုးဝိုင္းေတြ ရွိရာ ဧရာဝတီတိုင္းေဒသႀကီး ၊ ပဲခူးရိုးမ၊ စစ္ကိုင္းတိုင္း နဲ႔ ကခ်င္ျပည္နယ္ မွာ အမ်ားဆံုးရွိၿပီး ၿပီးခဲ့တဲ့၁၅ႏွစ္ခန္႔က ျမန္မာႏုိင္ငံမွာ ဆင္ေကာင္ေရ ၅၀၀၀ ၀န္းက်င္ခန္႔ရွိခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဆင္ေကာင္ေရ ႏွစ္ေထာင္ထက္မပိုတဲ့ အေရအတြက္ထိ က်ဆင္း လာတာျဖစ္ပါတယ္။

ဆင်ကနေထုတ်လုပ်တဲ့ လူ့အသုံးဆောင်ပစ္စည်းတွေကို သုံးစွဲနေသူတွေဟာ ဥပဒေနဲ့မလွတ်ကင်းဘူးလို့ ဆင်ပြတိုက်အကြံပေး ဒေါ်နုမြဇံ ကပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးကပေး ပို့ထားပါတယ်။

ဆင်စွယ်ကနေထုတ်လုပ်တဲ့ ပစ္စည်းတွေကို ရောင်းချနေသူတွေဟာအပြစ်ရှိကြောင်းနဲ့ ဝယ်ယူသုံးစွဲသူ တွေဟာလည်း ဥပဒေနဲ့ မလွတ်ကင်းဘူးလို့ ဆင်ပြတိုက်အကြံပေး ဒေါ်နုမြဇံက ပြောပါတယ်။

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မြို့သဘာဝသမိုင်းပြတိုက်ရှေ့ တိရစ္ဆာန်ဥယျာဉ်မှာ ဆင်ပြတိုက်နဲ့ ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

Sound Bite – ဒေါ်နုမြဇံ (ဆင်ပြတိုက်အကြံပေး)

ဒါ့အပြင် ဆင်တွေမျိုးမတုန်းစေဖို့ အသိပညာပေးရေးနဲ့ ဆင်နဲ့ပတ်သတ်တဲ့ သဘောသဘာဝတွေကို ကလေးသူငယ်တွေသိရှိစေဖို့ အသိပညာပေးတာဖြစ်တယ်လို့ ဒေါ်နုမြဇံက ပြောပါတယ်။

လာမယ့် မတ်လ ၃ ရက်နေ့မှာ ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်များနေ့ အထိမ်းအမှတ်အဖြစ် ဆင်ပြတိုက်ကို ဖွင့်လှစ်မယ့်အပြင် ဖမ်းဆီးရမိတဲ့ ဆင်ရဲ့အစိတ်အပိုင်းတွေကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားလည်း ပြုလုပ်သွား မှာဖြစ်ပါတယ်။

Sound Bite – ဒေါ်နုမြဇံ (ဆင်ပြတိုက်အကြံပေး)

လက်ရှိမှာ တောဆင်ရိုင်းတွေ ဟာ သစ်တော ကြိုးဝိုင်းတွေ ရှိရာ ဧရာဝတီတိုင်းဒေသကြီး ၊ ပဲခူးရိုးမ၊ စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ် မှာ အများဆုံးရှိပြီး ပြီးခဲ့တဲ့၁၅နှစ်ခန့်က မြန်မာနိုင်ငံမှာ ဆင်ကောင်ရေ ၅၀ဝ၀ ဝန်းကျင်ခန့်ရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ဆင်ကောင်ရေ နှစ်ထောင်ထက်မပိုတဲ့ အရေအတွက်ထိ ကျဆင်း လာတာဖြစ်ပါတယ်။

?bph6