လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်လမ်းတွေအတွက် ဆွေးနွေးဖို့ရှိနေ

0
156









လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းအတွက် လူမှုဆိုင်ရာ ရင်းနှီးမြှုပ်မှုဖိုရမ်မှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။

ရင်းနှီးမြှုပ်သူတွေ့နဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တို့အကြား လူမှုအကျိုးပြုရင်းနှီးမြှုပ်မှုဖိုရမ်မှာ အလုပ်အကိုင်လိုအပ်နေတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် အခွင့်အလမ်းတွေအကြောင်းကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ Asian Venture Philanthropy Network(AVPN) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မြို့ Pan Pacific ဟိုတယ်မှာ Myanmar Social Investment Forum 2019 ပြုလုပ်ကျင်းပခဲ့တာပါ။

Soundbite- Ms.Outi Annala (South East Asia Director)
Asian Venture Philanthropy Network (AVPN)

ဒါ့အပြင် ဒီဖိုရမ်ကနေ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ပရဟိတလုပ်ငန်းတွေ၊ CSR နဲ့ လူမှုအကျိုးပြု ရင်းနှီးမြှုပ်နှံမှုတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအကြား ချိတ်ဆက်ဆွေးနွေးသွားမှာဖြစ်တာကြောင့် ရင်းနှီးမြှုပ်မှုတွေမှာ ပိုမိုအကျိုးဖြစ်ထွန်းစေမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ပြောပါတယ်။

Soundbite – ဦးအောင်နိုင်ဦး (ညွှန်ကြားရေးမှူးချုပ်)
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန

စင်္ကာပူအခြေစိုက် ငွေကြေးချိတ်ဆက်ထောက်ပံ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ AVPN ဟာ အာရှတစ်ခွင် ခိုင်မာအကျိုးသက်ရောက်မှုမြင့်မားတဲ့ လူမှုရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်နေတဲ့ အသင်းအဖွဲ့တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံပေါင်း ၅၂ နိုင်ငံမှာ အဖွဲ့ဝင်ပေါင်း ၅၀ဝ ကျော်နဲ့ လူမှုရင်းနှီးမြှုပ်နှံမှုတွေမှာ ပိုမိုနည်းလမ်းကျတဲ့ ရလဒ်ကို ဦးစားပေးချဉ်းကပ်မှုတွေ လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ် ခင်ဗျာ။

?bph6