စစ္ေတြၿမိဳ႕မေစ်းႀကီးဟာ မီးေဘး စိုးရိမ္ရတယ္လို႔ ခ႐ိုင္မီးသတ္တပ္ဖြဲ႕ေျပာ

0
156

စစ္ေတြၿမိဳ႕မေဈးႀကီးဟာ မီးေဘးအႏၱရာယ္ စိုးရိမ္ရတဲ့အေနအထားရွိေနတယ္လို႔ ခရိုင္မီးသတ္တပ္ဖြဲ႔က ေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာရွိတဲ့ ၿမိဳ႕မေဈးႀကီးအတြင္း ေဈးဆိုင္ခန္းေတြ ျပြတ္သိပ္ေနၿပီး လမ္းပိတ္ဆို႔မႈေတြ ရွိေနတဲ့အတြက္ မီးေဘးအႏၱရာယ္စိုးရိမ္ရတဲ့ အေနအထားရွိေနတယ္လို႔ စစ္ေတြၿမိဳ႕ခရိုင္ မီးသတ္တပ္ဖြဲ႔က ေျပာပါတယ္။

မီးေဘးလံုၿခံဳေရးအတြက္ စည္ပင္သာယာေရးေကာ္မတီနဲ႔ မီးသတ္တပ္ဖြဲ႔တုိ႔ပူးေပါင္းၿပီး ေဈးကိုစစ္ေဆးမႈေတြ ေဆာင္ရြက္တဲ့အခါ စစ္ေတြၿမိိဳ႕မေဈးႀကီးဟာ အိုေအာင္ေနၿပီျဖစ္တဲ့အတြက္ ေလာင္စာေတြမ်ားျပာားေနတယ္လို႔ ခရိုင္မီးသတ္တပ္ဖြဲ႔မွဴး ဦးထြန္းႏုိင္ဦးက ေျပာပါတယ္။

အင္တာဗ်ဴး – ဦးထြန္းႏုိင္ဦး(လက္ေထာက္ညႊန္ၾကားေရးမွဴး)
စစ္ေတြခရိုင္မီးသတ္ဦးစီးမွဴး

ဒါ့အျပင္ ေဈးအေရွ႕ဘက္လမ္းမႀကီးနဲ႔ အတြင္းျဖတ္လမ္းေတြမွာ ပိတ္ဆို႔ဖြင့္လွစ္ထားတဲ့ေဈးဆိုင္ေတြရွိေနၿပီး အဲဒီဆိုင္ခန္းေတြကို အစိုးရရဲ႕ခြင့္ျပဳခ်က္ရလို႔ရွိရင္ ေနရာေျပာင္းေရႊ႕ေပးသြားမွာျဖစ္ၿပီး မီးေဘးလံုၿခံဳေရး ေဆာင္ရြက္တဲ့အခါ ေဈးသူေဈးသားေတြအျပင္ ေဈးေကာ္မတီေရာ၊ စည္ပင္သာယာကပါ စည္းကမ္းလိုက္နာမွ ေအာင္ျမင္မွာျဖစ္တယ္လို႔ ဦးေရႊေက်ာ္သာကေျပာပါတယ္။

အင္တာဗ်ဴး – ဦးေရႊေက်ာ္သာ (ဥကၠဌ)
စစ္ေတြၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ

စစ္ေတြၿမိဳ႕မေဈးႀကီးကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၇၀ ေက်ာ္က တည္ေဆာက္ခဲ့တာျဖစ္ၿပီး ေဈးဆိုင္ခန္း ၇၀၀ ေက်ာ္ပါရွိေပမယ့္ လက္ရွိ တရားမဝင္ ဖြင့္လွစ္ေရာင္းခ်ေနတာေတြ ရွိေနတာေၾကာင့္ ဆိုင္ခန္း ၁၀၀၀ ေက်ာ္အထိ ရွိေနတယ္လို႔ စည္ပင္ေကာ္မတီကေျပာပါတယ္။

စစ်တွေမြို့မဈေးကြီးဟာ မီးဘေးအန္တရာယ် စိုးရိမ်ရတဲ့အနေအထားရှိနေတယ်လို့ ခရိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ မြို့မဈေးကြီးအတွင်း ဈေးဆိုင်ခန်းတွေ ပြွတ်သိပ်နေပြီး လမ်းပိတ်ဆို့မှုတွေ ရှိနေတဲ့အတွက် မီးဘေးအန္တရာယ်စိုးရိမ်ရတဲ့ အနေအထားရှိနေတယ်လို့ စစ်တွေမြို့ခရိုင် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မီးဘေးလုံခြုံရေးအတွက် စည်ပင်သာယာရေးကော်မတီနဲ့ မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ဈေးကိုစစ်ဆေးမှုတွေ ဆောင်ရွက်တဲ့အခါ စစ်တွေမြို့မဈေးကြီးဟာ အိုအောင်နေပြီဖြစ်တဲ့အတွက် လောင်စာတွေများပြားနေတယ်လို့ ခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးထွန်းနိုင်ဦးက ပြောပါတယ်။

အင်တာဗျူး – ဦးထွန်းနိုင်ဦး(လက်ထောက်ညွှန်ကြားရေးမှူး)
စစ်တွေခရိုင်မီးသတ်ဦးစီးမှူး

ဒါ့အပြင် ဈေးအရှေ့ဘက်လမ်းမကြီးနဲ့ အတွင်းဖြတ်လမ်းတွေမှာ ပိတ်ဆို့ဖွင့်လှစ်ထားတဲ့ဈေးဆိုင်တွေရှိနေပြီး အဲဒီဆိုင်ခန်းတွေကို အစိုးရရဲ့ခွင့်ပြုချက်ရလို့ရှိရင် နေရာပြောင်းရွှေ့ပေးသွားမှာဖြစ်ပြီး မီးဘေးလုံခြုံရေး ဆောင်ရွက်တဲ့အခါ ဈေးသူဈေးသားတွေအပြင် ဈေးကော်မတီရော၊ စည်ပင်သာယာကပါ စည်းကမ်းလိုက်နာမှ အောင်မြင်မှာဖြစ်တယ်လို့ ဦးရွှေကျော်သာကပြောပါတယ်။

အင်တာဗျူး – ဦးရွှေကျော်သာ (ဥက္ကဌ)
စစ်တွေမြို့နယ်စည်ပင်သာယာရေးကော်မတီ

စစ်တွေမြို့မဈေးကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဈေးဆိုင်ခန်း ၇၀ဝ ကျော်ပါရှိပေမယ့် လက်ရှိ တရားမဝင် ဖွင့်လှစ်ရောင်းချနေတာတွေ ရှိနေတာကြောင့် ဆိုင်ခန်း ၁၀ဝ၀ ကျော်အထိ ရှိနေတယ်လို့ စည်ပင်ကော်မတီကပြောပါတယ်။

?bph6