ရန္ကုန္ လႊတ္ေတာ္မွာ ပလတ္စတစ္ ေရဗူးေတြ အစား ေျမအိုးေတြကို အစားထိုး အသံုးျပဳ

0
281

ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္မွာ ပလပ္စတစ္ေရသန္႔ ဗူးေတြ ကို အသံုးမျပဳေတာ့ဘဲ ေျမအိုးေတြနဲ႔ အစားထိုး အသံုးျပဳေနတာပါ။

ရန္ကုန္တိုင္းထဲမွာ သဘာဝပတ္ဝန္းက်င္အတြက္ ၿခိမ္းေျခာက္မႈ ႀကီးမားလာတဲ့ ပလတ္စတစ္သံုး စဲြတာ ေလ်ာ့ပါးေစေရး စီမံေဆာင္ရြက္ေပးဖို႔ တိုင္းအစိုးရကို လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းႏိုင္ဦးက အဆို တင္သြင္းခဲ့တာျဖစ္ၿပီး ဒီအဆိုကို ကိုယ္စားလွယ္ ၇ ေယာက္က ေဖေဖာ္ဝါရီ ၂၂ ရက္ အစည္းအေဝးမွာ ေဆြးေႏြးခဲ့တာပါ။

အဆို တင္သြင္းၿပီး သံုးရက္ၾကာမွာ ဒီကေန႔ ေဖေဖာ္ဝါရီ ၂၅ ရက္ အစည္းအေဝးမွာေတာ့ အရင္ကလို ကိုယ္စားလွယ္ တေစ္ယာက္ခ်င္းစီအတြက္ ေရသန္႔ဘူးေတြအစား ေရဖန္ခြက္ေတြထားေပးသလို အမ်ားသံုး အတြက္ ေျမေသာက္ေရးအိုးနဲ႔ ေရဖန္ခြက္ေတြကုိ ရန္ကုန္လႊတ္ေတာ္မွာ ထားရွိေပးခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန် လွှတ်တော်မှာ ပလတ်စတစ် ရေဗူးတွေ အစား မြေအိုးတွေကို အစားထိုး အသုံးပြု

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပလပ်စတစ်ရေသန့် ဗူးတွေ ကို အသုံးမပြုတော့ဘဲ မြေအိုးတွေနဲ့ အစားထိုး အသုံးပြုနေတာပါ။

ရန်ကုန်တိုင်းထဲမှာ သဘာဝပတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှု ကြီးမားလာတဲ့ ပလတ်စတစ်သုံး စွဲတာ လျော့ပါးစေရေး စီမံဆောင်ရွက်ပေးဖို့ တိုင်းအစိုးရကို လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက အဆို တင်သွင်းခဲ့တာဖြစ်ပြီး ဒီအဆိုကို ကိုယ်စားလှယ် ၇ ယောက်က ဖေဖော်ဝါရီ ၂၂ ရက် အစည်းအဝေးမှာ ဆွေးနွေးခဲ့တာပါ။

အဆို တင်သွင်းပြီး သုံးရက်ကြာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် အစည်းအဝေးမှာတော့ အရင်ကလို ကိုယ်စားလှယ် တစေ်ယာက်ချင်းစီအတွက် ရေသန့်ဘူးတွေအစား ရေဖန်ခွက်တွေထားပေးသလို အများသုံး အတွက် မြေသောက်ရေးအိုးနဲ့ ရေဖန်ခွက်တွေကို ရန်ကုန်လွှတ်တော်မှာ ထားရှိပေးခဲ့တာဖြစ်ပါတယ်။

?bph6