
0
1368




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

AA လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်မချေမှုန်းတာ တိုင်းရင်းသားညီအစ်ကို ဖြစ်နေတာကြောင့် ဟုဆို
AA လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်မချေမှုန်းတာဟာ တိုင်းရင်းသားညီအစ်ကို ဖြစ်နေလို့ ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်း စစ်ဌာချုပ် ကုန်းမြင့်သာရိပ်သာမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က သတင်းစာရှင်းလင်းပွဲ မှာသတင်း မီဒီယာတွေရဲ့ မေးမြန်းချက်အပေါ်အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွက် သောင်းကျန်းမှုစစ်ဆင်ရေး နည်းဗျူဟာတွေ ရှိနေပေမယ့် ရွာရဲ့အနီးအနားတွေမှာ ဖြစ်ပွားနေတဲ့အပြင် ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးထားတာ ဖြစ်တာကြောင့် တပ်မတော်အနေနဲ့ အပြီးသတ်မခြေမှုန်းတာ ဖြစ်တယ်လို့ တပ်မတော်က ပြောပါတယ်။

?bph6