သားမယားျပဳက်င့္တယ္လို႔ စြပ္စြဲခံထားရတဲ့ ဦးမင္းေဆြ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္

0
418

သားမယားအျဖစ္ျပဳက်င့္သူလို႔ စြပ္စြဲခံေနရတဲ့ NLD ပါတီရဲ႕ ဖ်ာပံု ၿမိဳ႕နယ္ ဥကၠ႒ ဟာ ပန္းေသေနတာ ၁၀ ႏွစ္ေက်ာ္ၿပီျဖစ္ေၾကာင္း သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

သားမယားအျဖစ္ ျပဳက်င့္ခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ ဖ်ာပံုၿမိဳ႕နယ္ NLD ပါတီရဲ႕ ဥကၠ႒ ဦးမင္းေဆြဟာ သားေၾကာျဖတ္ထားတာ ၄၇ ႏွစ္ရွိၿပီး ၊ ပန္းေသေနတာ ၁၀ ႏွစ္ ေက်ာ္ၿပီျဖစ္တာေၾကာင့္ စြပ္စြဲသူ အသက္ ၁၄ ႏွစ္အရြယ္မေအးျမတ္သူ ေမြးဖြားခဲ့တဲ့ ကေလးဟာ ဦးမင္းေဆြနဲ႔ ပက္သက္မႈမရွိေၾကာင္း သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။

ဒီသတင္းစာရွင္းလင္းပြဲကို ေဖေဖာ္၀ါရီလ ၂၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Orchid ဟိုတယ္မွာ ျပဳလုပ္ခဲ့တာပါ။

အင္တာဗ်ဴး ဦးမင္းေဆြ(ဥကၠ႒) ဖ်ာပံုၿမိဳ႕နယ္ NLD ပါတီ

အဲ့ဒီလို စြပ္စြဲတာဟာ လက္ရွိ အာဏာရပါတီရဲ႕ျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLDပါတီ ရဲ႕ ပံုရိပ္ကိုက်ဆင္းေအာင္ေဆာင္ရြက္တာျဖစ္သလို Great Light ကိုယ္ပိုင္အထက္တန္းေက်ာင္းရဲ႕ပံုရိပ္ကို က်ဆင္းေအာင္ေဆာင္ရြက္ေနတာျဖစ္တယ္လို႔ ဦးမင္းေဆြကေျပာပါတယ္။

အင္တာဗ်ဴး ဦးမင္းေဆြ(ဥကၠ႒) ဖ်ာပံုၿမိဳ႕နယ္ NLD ပါတီ

မုဒိမ္မႈက်ဴးလြန္သူဟု စြပ္စြဲေျပာဆိုတာနဲ႔ပတ္သက္ၿပီး တရားသူႀကီးအမိန္႔နဲ႔ စစ္ေဆးမွသာ တရား ၀င္တာေၾကာင့္ တရားရံုးေရာက္ပါက DNA စစ္ေဆးဖို႔ ကိစၥကို မိမိ အေနနဲ႔ အရင္ဆံုးေတာင္းဆို သြားမွာျဖစ္တယ္လို႔လည္းNLD ပါတီဥကၠဌဦးမင္းေဆြကေျပာပါတယ္။

သားမယားပြုကျင့်တယ်လို့ စွပ်စွဲခံထားရတဲ့ ဦးမင်းဆွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

သားမယားအဖြစ်ပြုကျင့်သူလို့ စွပ်စွဲခံနေရတဲ့ NLD ပါတီရဲ့ ဖျာပုံ မြို့နယ် ဥက္ကဋ္ဌ ဟာ ပန်းသေနေတာ ၁၀ နှစ်ကျော်ပြီးဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

သားမယားအဖြစ် ပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဖျာပုံမြို့နယ် NLD ပါတီရဲ့ ဥက္ကဋ္ဌ ဦးမင်းဆွေဟာ သားကြောဖြတ်ထားတာ ၄၇ နှစ်ရှိပြီး ၊ ပန်းသေနေတာ ၁၀ နှစ် ကျော်ပြီဖြစ်တာကြောင့် စွပ်စွဲသူ အသက် ၁၄ နှစ်အရွယ်မအေးမြတ်သူ မွေးဖွားခဲ့တဲ့ ကလေးဟာ ဦးမင်းဆွေနဲ့ ပက်သက်မှုမရှိကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။

အင်တာဗျူး ဦးမင်းဆွေ(ဥက္ကဋ္ဌ) ဖျာပုံမြို့နယ် NLD ပါတီ

အဲ့ဒီလို စွပ်စွဲတာဟာ လက်ရှိ အာဏာရပါတီရဲ့ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ရဲ့ ပုံရိပ်ကိုကျဆင်းအောင်ဆောင်ရွက်တာဖြစ်သလို Great Light ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ပုံရိပ်ကို ကျဆင်းအောင်ဆောင်ရွက်နေတာဖြစ်တယ်လို့ ဦးမင်းဆွေကပြောပါတယ်။

အင်တာဗျူး ဦးမင်းဆွေ(ဥက္ကဋ္ဌ) ဖျာပုံမြို့နယ် NLD ပါတီ

မုဒိမ်မှုကျူးလွန်သူဟု စွပ်စွဲပြောဆိုတာနဲ့ပတ်သက်ပြီး တရားသူကြီးအမိန့်နဲ့ စစ်ဆေးမှသာ တရား ဝင်တာကြောင့် တရားရုံးရောက်ပါက DNA စစ်ဆေးဖို့ ကိစ္စကို မိမိ အနေနဲ့ အရင်ဆုံးတောင်းဆို သွားမှာဖြစ်တယ်လို့လည်းNLD ပါတီဥက္ကဌဦးမင်းဆွေကပြောပါတယ်။

?bph6