လူငယ္ေတြအတြက္ အသက္ေမြးဝမ္းေက်ာင္းပညာေရး စကားဝိုင္း က်င္းပဖို႔႐ွိေန

0
306

လူငယ္ေတြရဲ႕ အလုပ္အကုိင္ေတြအတြက္ အသက္ေမြး၀မ္းေက်ာင္းပညာေရး စကား၀ုိင္းကို ရန္ကုန္ၿမိဳ႕ MICT Park မွာ ျပဳလုပ္ဖို႔ရွိေနပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

စီးပြားေရးပညာအေထာက္ကူျပဳ၊ ဟိုတယ္နဲ႔ ဧည့္၀တ္ျပဳမႈဆိုင္ရာ၊ ပရိေဘာဂျပဳလုပ္မႈ အတတ္ပညာ၊ လွ်ပ္စစ္ကၽြမ္းက်င္းမႈအတတ္ပညာ စတဲ့ သင္တန္းတက္ေရာက္မယ့္ လူငယ္ေတြအတြက္ ရည္ရြယ္ၿပီး အသက္ ေမြး၀မ္းေက်ာင္းပညာေရး စကား၀ုိင္းျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

လူငယ္ရဲ႕ အလုပ္အကုိင္ေတြအတြက္ အသက္ေမြး၀မ္းေက်ာင္း ပညာေရးစကား၀ိုင္းကို ေဖေဖာ္၀ါရီလ ၂၄ရက္ေန႔မွာ ရန္ကုန္ျမဳိ႕ MICT Park မွာ ျပဳလုပ္သြားမွာပါ။

Soundbite ေဒၚခင္ျမတ္စႏၵာ (Chief Executive Officer)
CVT Myanmar

ဒါ့အျပင္ ဒီစကား၀ိုင္းမွာ စီးပြားေရးလုပ္ငန္းရွင္ေတြ၊ သက္ဆိုင္ရာ ဌာနအသီးသီးက တာ၀န္ရွိသူေတြက ဦးေဆာင္ေဆြးေႏြးၾကမွာျဖစ္ၿပီး တက္ေရာက္လာတဲ့ လူငယ္ေတြပါ ရင္းႏွီးပြင့္လင္းစြာ ပါ၀င္ေဆြးေႏြးႏိုင္မွာလည္း ျဖစ္ပါတယ္။

Soundbite ေဒၚခင္ျမတ္စႏၵာ (Chief Executive Officer)
CVT Myanmar

CVT Myanmar က လူငယ္ေတြရဲ႕ အလုပ္အကိုင္နဲ႔ပတ္သက္ၿပီး အသက္ေမြး၀မ္းေက်ာင္းဆိုင္းရာ စကား၀ိုင္းကို ျပဳလုပ္သြားမွာျဖစ္ၿပီး စိတ္၀င္စားတဲ့ ဘာသာရပ္အလိုက္ စာရင္းေပးသြင္း တက္ေရာက္ႏိုင္မွာလည္း ျဖစ္ပါတယ္။

CVT Myanmar သင္တန္းေက်ာင္းကို ၂၀၀၂ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ဆြစ္ဇာလန္ႏိုင္ငံက နည္းပညာနဲ႔ ဘ႑ာေရးအေထာက္အပံ့ေတြနဲ႔ ဖြင့္လွစ္သင္ၾကားေနတာျဖစ္ပါတယ္ရွင္။

လူငယ်တွေရဲ့ အလုပ်အကိုင်တွေအတွက် အသက်မွေးဝမ်းကျောင်းပညာရေး စကားဝိုင်းကို ရန်ကုန်မြို့ MICT Park မှာ ပြုလုပ်ဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

စီးပွားရေးပညာအထောက်ကူပြု၊ ဟိုတယ်နဲ့ ဧည့်ဝတ်ပြုမှုဆိုင်ရာ၊ ပရိဘောဂပြုလုပ်မှု အတတ်ပညာ၊ လျှပ်စစ်ကျွမ်းကျင်းမှုအတတ်ပညာ စတဲ့ သင်တန်းတက်ရောက်မယ့် လူငယ်တွေအတွက် ရည်ရွယ်ပြီး အသက် မွေးဝမ်းကျောင်းပညာရေး စကားဝိုင်းပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လူငယ်ရဲ့ အလုပ်အကိုင်တွေအတွက် အသက်မွေးဝမ်းကျောင်း ပညာရေးစကားဝိုင်းကို ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ ရန်ကုန်မြို့ MICT Park မှာ ပြုလုပ်သွားမှာပါ။

Soundbite ဒေါ်ခင်မြတ်စန္ဒာ (Chief Executive Officer)
CVT Myanmar

ဒါ့အပြင် ဒီစကားဝိုင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သက်ဆိုင်ရာ ဌာနအသီးသီးက တာဝန်ရှိသူတွေက ဦးဆောင်ဆွေးနွေးကြမှာဖြစ်ပြီး တက်ရောက်လာတဲ့ လူငယ်တွေပါ ရင်းနှီးပွင့်လင်းစွာ ပါဝင်ဆွေးနွေးနိုင်မှာလည်း ဖြစ်ပါတယ်။

Soundbite ဒေါ်ခင်မြတ်စန္ဒာ (Chief Executive Officer)
CVT Myanmar

CVT Myanmar က လူငယ်တွေရဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်းဆိုင်းရာ စကားဝိုင်းကို ပြုလုပ်သွားမှာဖြစ်ပြီး စိတ်ဝင်စားတဲ့ ဘာသာရပ်အလိုက် စာရင်းပေးသွင်း တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။

CVT Myanmar သင်တန်းကျောင်းကို ၂၀ဝ၂ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံက နည်းပညာနဲ့ ဘဏ္ဍာရေးအထောက်အပံ့တွေနဲ့ ဖွင့်လှစ်သင်ကြားနေတာဖြစ်ပါတယ်ရှင်။