
0
512




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

JFA ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာ ယူ-၁၉ အသင်း အိမ်ရှင် ဂျပန်အသင်းနဲ့ တစ်အုပ်စုတည်းကျ

ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် JFA ရဲ့ ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီး ယူ-၁၉ ဘောလုံးအသင်းက အိမ်ရှင် ဂျပန် အမျိုးသမီး အသင်းနဲ့ အုပ်စု တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။

အုပ်စု (က) မှာ အိမ်ရှင် ဂျပန်အသင်း၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ဂျပန်ကလပ်အသင်း အိုကီနာဝါ ယူ-၁၉ အသင်းတို့ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (JFA) ရဲ့ ဖိတ်ခေါ်ပြိုင်ပွဲ Japan-ASEAN Youth Sports Exchange (Women’s Football) ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ အိုကီနာဝါမှာ မတ်လ ၂ ရက်နေ့က ၆ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။