
0
292




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်နိုင်ရေး ချင်းတိုင်းရင်းသားတွေ ဆက်လက်ပူးပေါင်းဖို့ သမ္မတ တိုက်တွန်း

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မယ့် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး ချင်းတိုင်းသား ညီအစ်ကိုမောင်နှမတွေက ခိုင်မာတဲ့ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ဆက်လက်ပူးပေါင်းကြဖို့ သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားအတွက် ပေးပို့တဲ့ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာမှာ အခုလို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက် ကြုံတွေခဲ့ရတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး မိမိတို့ နိုင်ငံသား တိုင်းရင်းသားပြည်သူတွေ မျှော်လင့်တောင်းတနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနဲ့ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ပြည်သူတွေနဲ့အတူ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထာင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ နိုင်ငံရေးစကားဝိုင်းတွေ ကျင်းပနေတာလည်း ဖြစ်ပါတယ်။