အစိုးရနဲ႔ FAO တို႔ ပူးေပါင္းၿပီး ႏိုင္ငံဆိုင္ရာ အစီအစဥ္မူေဘာင္ လက္မွတ္ေရးထိုး

0
176

ျမန္မာအစုိးရနဲ႔ ကုလသမဂၢ စားနပ္ရိကၡာႏွင့္ စိုက္ပ်ိဳးေရးအဖြဲ႔ (FAO) တို႔ ပူးေပါင္းေဆာင္႐ြက္မယ့္ ႏိုင္ငံဆိုင္ရာ အစီအစဥ္မူေဘာင္ (Country Programming Framework – CPF) လက္မွတ္ေရးထိုးပြဲကို ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔က ေနျပည္ေတာ္ရွိ Kempinski Hotel မွာ က်င္းပခဲ့ပါတယ္။

ႏိုင္ငံဆိုင္ရာ အစီအစဥ္မူေဘာင္ကို ခန္႔မွန္းရန္ပုံေငြ အေမရိကန္ေဒၚလာ ၇၁ ဒသမ ၇၅ သန္းနဲ႔ စားနပ္ရိကၡာ ဖူလုံေရး၊ အာဟာရ ျပည့္ဝေရး၊ အစားအေသာက္ ေဘးအႏၲရာယ္ ကင္းရွင္းေရး၊ ေျမယာ၊ သစ္ေတာ၊ ေရအရင္းအျမစ္ႏွင့္ ေဂဟစနစ္ဆိုင္ရာ အုပ္ခ်ဳပ္မႈအားေကာင္းေရးႏွင့္ ေရရွည္စီမံခန္႔ခြဲေရး၊ ေဒသခံလူထုနဲ႔ လယ္ယာလုပ္ကုိင္သူေတြစတဲ့ ကိစၥရပ္ေတြ တုိးျမင့္ေဆာင္ရြက္ေရး လုပ္ငန္းစီမံခ်က္ေတြ ခ်မွတ္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

အစီအစဥ္အရ ႏိုင္ငံဆိုင္ရာ အစီအစဥ္မူေဘာင္ကို ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္၊ ျမန္မာႏိုင္ငံဆိုင္ရာ FAO ကိုယ္စားလွယ္နဲ႔ သက္ဆုိင္ရာ တာဝန္ရွိသူေတြ တက္ေရာက္ခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစိုးရနဲ့ FAO တို့ ပူးပေါင်းပြီး နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင် လက်မှတ်ရေးထိုး

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ ပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင် (Country Programming Framework – CPF) လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နေပြည်တော်ရှိ Kempinski Hotel မှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင်ကို ခန့်မှန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၇၅ သန်းနဲ့ စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရ ပြည့်ဝရေး၊ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး၊ မြေယာ၊ သစ်တော၊ ရေအရင်းအမြစ်နှင့် ဂေဟစနစ်ဆိုင်ရာ အုပ်ချုပ်မှုအားကောင်းရေးနှင့် ရေရှည်စီမံခန့်ခွဲရေး၊ ဒေသခံလူထုနဲ့ လယ်ယာလုပ်ကိုင်သူတွေစတဲ့ ကိစ္စရပ်တွေ တိုးမြင့်ဆောင်ရွက်ရေး လုပ်ငန်းစီမံချက်တွေ ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အစီအစဉ်အရ နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင်ကို ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ FAO ကိုယ်စားလှယ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

?bph6