ျမစ္ဆံု စီမံကိန္းကို ကက္သလစ္ ဘာသာေရး ေခါင္းေဆာင္ေတြလည္း ကန္႔ကြက္

0
204

တ႐ုတ္ႏို္င္ငံက လုပ္ေဆာင္မယ့္ ျမစ္ဆံုေရအားလွ်ပ္စစ္ စီမံကိန္း ကန္႔ကြက္သူေတြကို ကက္သလစ္ ဘာသာဝင္ ေခါင္းေဆာင္ေတြက ေထာက္ခံလိုက္ပါတယ္။

ဆက္တိုက္ ျဖစ္ေပၚေနတဲ့ ကန္႔ကြက္မႈေတြမွာ ကက္သလစ္ သင္းအုပ္ဆရာေတြနဲ႔ ကက္သလစ္ သီလရွင္ေတြကလည္း ပါဝင္လာတာ ျဖစ္ပါတယ္။ ဧရာဝတီျမစ္ေပၚက ေရအားလွ်ပ္စစ္ စီမံကိန္းဟာ သဘာဝပတ္ဝန္းက်င္ထိခိုက္ေစမယ့္ ေဘးအႏၱရာယ္ ျဖစ္ေၾကာင္းနဲ႔ အဲဒီ စီမံကိန္းဟာ ေဒသတြင္း ၿငိမ္းခ်မ္းေရးကို ထိခိုက္ေစလိမ့္မွာ ျဖစ္ေၾကာင္း ရန္ကုန္ ကက္သလစ္ဂိုဏ္းခ်ဳပ္ ကာဒီနယ္ ခ်ားလ္စ္ေမာင္ဘိုရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဧရာဝတီျမစ္ဟာ ျမန္မာႏိုင္ငံရဲ႕ ျမတ္ႏိုးစရာ အေကာင္းဆံုး သေကၤတျဖစ္ေၾကာင္း၊ အေရာင္းအဝယ္ လုပ္ရမယ့္ ကုန္ပစၥည္း မဟုတ္ေၾကာင္း၊ ၿငိမ္းခ်မ္းတဲ့ အနာဂတ္အတြက္ ျမစ္ဆံု စီမံကိန္းကို ရပ္တန္႔ရမွာ ျဖစ္ေၾကာင္းလည္း ကာဒီနယ္ ခ်ားလ္စ္ေမာင္ဘိုက သြန္မဆင္ ႐ိုက္တာစ္ ေဖာင္ေဒးရွင္းကို ေျပာထားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>

 

မြစ်ဆုံ စီမံကိန်းကို ကက်သလစ် ဘာသာရေး ခေါင်းဆောင်တွေလည်း ကန့်ကွက်

တရုတ်နိ်ုင်ငံက လုပ်ဆောင်မယ့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ကန့်ကွက်သူတွေကို ကက်သလစ် ဘာသာဝင် ခေါင်းဆောင်တွေက ထောက်ခံလိုက်ပါတယ်။

ဆက်တိုက် ဖြစ်ပေါ်နေတဲ့ ကန့်ကွက်မှုတွေမှာ ကက်သလစ် သင်းအုပ်ဆရာတွေနဲ့ ကက်သလစ် သီလရှင်တွေကလည်း ပါဝင်လာတာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ပေါ်က ရေအားလျှပ်စစ် စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်စေမယ့် ဘေးအန္တရာယ် ဖြစ်ကြောင်းနဲ့ အဲဒီ စီမံကိန်းဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေလိမ့်မှာ ဖြစ်ကြောင်း ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်မောင်ဘိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ မြတ်နိုးစရာ အကောင်းဆုံး သင်္ကေတဖြစ်ကြောင်း၊ အရောင်းအဝယ် လုပ်ရမယ့် ကုန်ပစ္စည်း မဟုတ်ကြောင်း၊ ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် မြစ်ဆုံ စီမံကိန်းကို ရပ်တန့်ရမှာ ဖြစ်ကြောင်းလည်း ကာဒီနယ် ချားလ်စ်မောင်ဘိုက သွန်မဆင် ရိုက်တာစ် ဖောင်ဒေးရှင်းကို ပြောထားပါတယ်။

?bph6