စိန္႔မာတင္ကြ်န္း ျမန္မာ့ေျမပံုထဲ ထပ္ပါေနလို႔ ဘဂၤလားေဒ့ရွ္ ကန္႔ကြက္

1
423

စိန္႔မာတင္ကြ်န္း ျမန္မာျပည္ေျမပံုထဲ ထပ္ပါေနလို႔ ဘဂၤလားေဒ့ရွ္က ျမန္မာ ယာယီသံအမတ္ကို ဆင့္ေခၚၿပီး ကန္႔ကြက္ခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အေရွ႕ေတာင္အာရွဆိုင္ရာ အေထြေထြ ညႊန္ၾကားေရးမွဴး မက္ဒ္ ဒယ္လ္ဝါ ဟူစိန္က ယာယီ ျမန္မာသံအမတ္ ဦးေအာင္ေက်ာ္ကို ကန္႔ကြက္လႊာ မေန႔က ေဖေဖာ္ဝါရီ ၁၄ ရက္မွာ ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။

ဘာေၾကာင့္ ခဏခဏ ထပ္မွားေနသလဲဆိုတာ ေမးခဲ့ေၾကာင္း၊ ျမန္မာသံတမန္က ဒါဟာ မွားယြင္းထည့္တာသာ ျဖစ္တယ္လို႔ ေျပာခဲ့ေၾကာင္းနဲ႔ အျမန္ဆံုး ေျမပံုကို ျပန္လည္ျပင္ဆင္ဖို႔ ေျပာခဲ့ေၾကာင္း မစၥတာ ဒယ္လ္ဝါ ဟူစိန္က ေျပာပါတယ္။

မႏွစ္က ေအာက္တိုဘာလ ၆ ရက္တုန္းကလည္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနရဲ႕ ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားတဲ့ ျမန္မာျပည္ေျမပံုထဲ ဘဂၤလားေဒ့ရွ္ပိုင္ စိန္႔မာတင္ကြ်န္း ပါေနလို႔ ကန္႔ကြက္ခဲ့တဲ့အတြက္ ျပန္လည္ ျပင္ဆင္ခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

စိန့်မာတင်ကျွန်း မြန်မာ့မြေပုံထဲ ထပ်ပါနေလို့ ဘင်္ဂလားဒေ့ရှ် ကန့်ကွက်

စိန့်မာတင်ကျွန်း မြန်မာပြည်မြေပုံထဲ ထပ်ပါနေလို့ ဘင်္ဂလားဒေ့ရှ်က မြန်မာ ယာယီသံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ အထွေထွေ ညွှန်ကြားရေးမှူး မက်ဒ် ဒယ်လ်ဝါ ဟူစိန်က ယာယီ မြန်မာသံအမတ် ဦးအောင်ကျော်ကို ကန့်ကွက်လွှာ မနေ့က ဖေဖော်ဝါရီ ၁၄ ရက်မှာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့် ခဏခဏ ထပ်မှားနေသလဲဆိုတာ မေးခဲ့ကြောင်း၊ မြန်မာသံတမန်က ဒါဟာ မှားယွင်းထည့်တာသာ ဖြစ်တယ်လို့ ပြောခဲ့ကြောင်းနဲ့ အမြန်ဆုံး မြေပုံကို ပြန်လည်ပြင်ဆင်ဖို့ ပြောခဲ့ကြောင်း မစ္စတာ ဒယ်လ်ဝါ ဟူစိန်က ပြောပါတယ်။

မနှစ်က အောက်တိုဘာလ ၆ ရက်တုန်းကလည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ မြန်မာပြည်မြေပုံထဲ ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်း ပါနေလို့ ကန့်ကွက်ခဲ့တဲ့အတွက် ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။