
0
73




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

မန္တလေး ဗုဒ္ဓတက္ကသိုလ် ငွေရတုသဘင် အထိမ်းအမှတ် ကျင်းပ

မန္တလေး ဗုဒ္ဓတက္ကသိုလ် ငွေရတုသဘင် အထိမ်းအမှတ်နဲ့ မန္တလေး ဗုဒ္ဓတက္ကသိုလ်နဲ့ ရန်ကုန် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဦးမြင့်ဆွေ ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် ရုပ်တုဖွင့်ပွဲ အခမ်းအနားကို ဒီနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပပါတယ်။

ဒါ့အပြင် မန္တလေး ဗုဒ္ဓတက္ကသိုလ်နဲ့ ရန်ကုန် ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနဲ့ ကွယ်လွန်သူ ပါမောက္ခချုပ် ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ – လန်ဒန်) တို့ရဲ့ ပုံတူရုပ်တု ဖွင့်ပွဲ အခမ်းအနားကို မန္တလေး ဗုဒ္ဓတက္ကသိုလ် တည်ရှိရာ ဗန်းမော်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

ပုံတူရုပ်တုတွေ ဖွင့်လှစ်ပွဲကို ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနဲ့ ဆင်မင်းဆရာတော်ကြီးတို့က ဦးဆောင် ဖွင့်လှစ်ပေးခဲ့ပါတယ်။

?bph6