ျပည္ပကို သြားေရာက္ အလုပ္လုပ္ကုိင္သူ ျမန္မာေရႊ႕ေျပာင္းလုပ္သား ၅ သန္းအထိ ရွိလာ

0
116

ျမန္မာႏိုင္ငံကေန ျပည္ပႏိုင္ငံေတြကုိ ေျပာင္းေရႊ႕ အလုပ္လုပ္ကုိင္သူ ၅ သန္းခန္႔ ရွိလာၿပီး အဲဒီထဲကမွ ထုိင္းႏိုင္ငံကုိ သြားေရာက္ အလုပ္လုပ္ကုိင္သူေတြဟာ အမ်ားဆုံးျဖစ္တယ္လုိ႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနက အၿမဲတမ္းအတြင္းဝန္ ဦးမ်ဳိးေအာင္က ေျပာပါတယ္။

ျပည္တြင္းမွာရွိတဲ့ အမ်ဳိးသား၊ အမ်ဳိးသမီးေတြနဲ႔ လူငယ္လူရြယ္ေတြဟာ အလုပ္အကိုင္ အခြင့္အလမ္း နည္းပါးလာမႈနဲ႔ လုပ္ခလစာနည္းပါးမႈေတြေၾကာင့္ ျပည္ပႏိုင္ငံေတြကုိ အရဲစြန္႔ သြားေရာက္ အလုပ္လုပ္ကုိင္သူေတြ မ်ားျပားလာတာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ႏိုင္ငံအတြက္ လုပ္အားေတြကုိ ဆုံး႐ႈံးတဲ့အျပင္ နုိင္ငံဖြံ႔ၿဖိဳးတုိးတက္ေရးမွာလည္း ဆုံးရႈံးနစ္နာမႈေတြ ရွိတယ္လုိ႔ အၿမဲတမ္းအတြင္းဝန္ ဦးမ်ဳိးေအာင္က ေျပာပါတယ္။

ေရြ႕ေျပာင္းလုပ္သားေတြထဲကမွ လူလတ္ပိုင္း အမ်ဳိးသား၊ အမ်ဳိးသမီး လုပ္သား ၃ သန္းနီးပါးဟာ ထုိင္းနုိင္ငံမွာ သြားေရာက္ အလုပ္လုပ္ကုိင္ေနၿပီး အမ်ားဆုံးရွိေနတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်သူ မြန်မာရွှေ့ပြောင်းလုပ်သား ၅ သန်းအထိ ရှိလာ

မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ပြောင်းရွှေ့ အလုပ်လုပ်ကိုင်သူ ၅ သန်းခန့် ရှိလာပြီး အဲဒီထဲကမှ ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်သူတွေဟာ အများဆုံးဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

ပြည်တွင်းမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့ လူငယ်လူရွယ်တွေဟာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာမှုနဲ့ လုပ်ခလစာနည်းပါးမှုတွေကြောင့် ပြည်ပနိုင်ငံတွေကို အရဲစွန့် သွားရောက် အလုပ်လုပ်ကိုင်သူတွေ များပြားလာတာ ဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံအတွက် လုပ်အားတွေကို ဆုံးရှုံးတဲ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာလည်း ဆုံးရှုံးနစ်နာမှုတွေ ရှိတယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

ရွေ့ပြောင်းလုပ်သားတွေထဲကမှ လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီး လုပ်သား ၃ သန်းနီးပါးဟာ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေပြီး အများဆုံးရှိနေတာ ဖြစ်ပါတယ်။

?bph6