တရားခံ ၾကည္လင္းပါ ၄ ဦး ႀကီးေလးတဲ့ ျပစ္ဒဏ္က ကင္းေဝးေစဖို႔ ဆုေတာင္း

0
311

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီရဲ႕ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ ေရွ႕ေန ဦးကိုုနီကို ေသနတ္နဲ႔ ပစ္ခတ္လုပ္ႀကံခဲ့တဲ့ အမႈကေန ၾကည္လင္းအပါအဝင္ ၄ ဦး ႀကီးေလးတဲ့ ျပစ္ဒဏ္က ကင္းေဝးေစဖို႔ ဆုေတာင္းခဲ့ပါတယ္။

ဆုေတာင္းပြဲကို ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔က ေရႊဘုန္းပြင့္ ေစတီေတာ္နဲ႔ ဗိုလ္တေထာင္ ေစတီေတာ္တို႔မွာ ဦးညီညီထြန္း ဆိုသူက ဆုေတာင္းခဲ့တာပါ။

NLD ပါတီရဲ႕ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ ေရွ႕ေန ဦးကိုနီကို ေသနတ္နဲ႔ ပစ္ခတ္လုပ္ႀကံခဲ့တဲ့ အမႈကုိ လာမယ့္ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔မွာ အၿပီးသတ္ အမိန္႔ခ်မွတ္မွာလည္းျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရားခံ ကြည်လင်းပါ ၄ ဦး ကြီးလေးတဲ့ ပြစ်ဒဏ်က ကင်းဝေးစေဖို့ ဆုတောင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တဲ့ အမှုကနေ ကြည်လင်းအပါအဝင် ၄ ဦး ကြီးလေးတဲ့ ပြစ်ဒဏ်က ကင်းဝေးစေဖို့ ဆုတောင်းခဲ့ပါတယ်။

ဆုတောင်းပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရွှေဘုန်းပွင့် စေတီတော်နဲ့ ဗိုလ်တထောင် စေတီတော်တို့မှာ ဦးညီညီထွန်း ဆိုသူက ဆုတောင်းခဲ့တာပါ။

NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တဲ့ အမှုကို လာမယ့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်မှာလည်းဖြစ်ပါတယ်။

?bph6