အေနာက္ နုိင္ငံေတြကုိ ေရြးခ်ယ္ၿပီး ဗီဇာေျဖေလွ်ာ့ဖို႔ လုပ္ေဆာင္မယ္

0
283

ျမန္မာႏုိင္ငံရဲ႕ ခရီးသြားလုပ္ငန္းတုိးတက္ေစဖို႔ အေနာက္ႏုိင္ငံေတြရဲ႕ ခရီးသြားေတြ အတြက္သင့္ေလ်ာ္တ့ဲ ႏုိင္ငံေတြ ကုိေရြးခ်ယ္ၿပီး ဗီဇာေျဖ ေလွ်ာ့ေပးျခင္းျဖင့္ ခရီးသြားလုပ္ငန္းတုိးျမွင့္ ေဆာင္ရြက္ဖုိ႔လိုအပ္ေၾကာင္း ဟုိတယ္နဲ႔ ခရီးသြား လာေရး၀န္ႀကီး ျပည္ေထာင္စု၀န္ႀကီး ဦးအုန္းေမာင္က ေျပာၾကားခဲ့ပါတယ္။

ခရီးသြားလုပ္ငန္းျမႇင့္တင္ေရးကိစၥရပ္ေတြနဲ႔ ပက္သတ္ၿပီး ညိႇႏႈိင္းအစည္းအေဝးကို ေဖေဖယ္၀ါရီလ ၁၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕ အင္းလ်ားလိတ္ဟိုတယ္မွာ က်င္းပခဲ့တာပါ။

ျမန္မာႏိုင္ငံရဲ႕ ခရီးသြား လုပ္ငန္း တိုးတက္လာေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနတာျဖစ္ၿပီး ကမာၻ႕လွည့္ ခရီးသြားေတြ ျမန္မာႏိုင္ငံအတြင္းကုိ လြယ္ကူအဆင္ေျပစြာ ဝင္ေရာက္ လည္ပတ္ႏိုင္ေရး အတြက္ ဗီဇာေျဖေလွ်ာ ့မႈေတြ ကို ၿပီးခဲ့တဲ့ႏွစ္အတြင္း ေဆာင္ရြက္ေပးခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ျမန္မာ-ဂ်ပန္၊ ကိုရီးယား၊ အာဆီယံ၊ ဥေရာပ၊ တ႐ုတ္ ခရီးသြားလုပ္ငန္းျမႇင့္တင္ေရးလုပ္ငန္း အဖြဲ႕ေတြ ၊ ျပည္တြင္း ခရီးစဥ္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ခရီးသြား လုပ္ငန္းအဖြဲ႕၊ Digital Marketing အေကာင္ အထည္ေဖာ္ေရး လုပ္ငန္းအဖြဲ႕တို႔က တာဝန္ရွိသူေတြကုိ ျပည္ေထာင္စု၀န္ႀကီးက ဆက္လက္ေဆြးေႏြး ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနောက် နိုင်ငံတွေကို ရွေးချယ်ပြီး ဗီဇာဖြေလျှော့ဖို့ လုပ်ဆောင်မယ်

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတိုးတက်စေဖို့ အနောက်နိုင်ငံတွေရဲ့ ခရီးသွားတွေ အတွက်သင့်လျော်တဲ့ နိုင်ငံတွေ ကိုရွေးချယ်ပြီး ဗီဇာဖြေ လျှော့ပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းတိုးမြှင့် ဆောင်ရွက်ဖို့လိုအပ်ကြောင်း ဟိုတယ်နဲ့ ခရီးသွား လာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကိစ္စရပ်တွေနဲ့ ပက်သတ်ပြီး ညှိနှိုင်းအစည်းအဝေးကို ဖေဖေယ်ဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်း တိုးတက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပြီး ကမ္ဘာ့လှည့် ခရီးသွားတွေ မြန်မာနိုင်ငံအတွင်းကို လွယ်ကူအဆင်ပြေစွာ ဝင်ရောက် လည်ပတ်နိုင်ရေး အတွက် ဗီဇာဖြေလျှော ့မှုတွေ ကို ပြီးခဲ့တဲ့နှစ်အတွင်း ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ-ဂျပန်၊ ကိုရီးယား၊ အာဆီယံ၊ ဥရောပ၊ တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်း အဖွဲ့တွေ ၊ ပြည်တွင်း ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ခရီးသွား လုပ်ငန်းအဖွဲ့၊ Digital Marketing အကောင် အထည်ဖော်ရေး လုပ်ငန်းအဖွဲ့တို့က တာဝန်ရှိသူတွေကို ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဆွေးနွေး ခဲ့ပါတယ်။

?bph6