ဒုတိယအကြိမ် လူငယ်စွန့်ဦးတည်ထွင်ပြိုင်ပွဲကနေ အကောင်းဆုံး (၃) ဖွဲ့ ရွေးချယ်

0
419








ဒုတိယအကြိမ် နည်းပညာ လူငယ်စွန့်ဦးတီထွင်ပြိုင်ပွဲကနေ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး အသင်းသုံးသင်းကို ရွေးချယ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်က ဆန်ခါတင်ပြိုင်ပွဲဝင် ၁၀သင်းထဲက မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ရဲ့ အကောင်းဆုံး အသင်း ၃ သင်း ကို ဖေဖော်ဝါရီလ ၁၀ရက်နေ့က ရန်ကုန်မြို့ MICT Park မှာ ရွေးချယ်ခဲ့ပါတယ်။

ထီနန်းတော်ခေါင်းစဉ်နဲ ့ Idea Capsule အသင်း ၊ အမှိုက်စွန် ့ပစ်မှုစီမံခန် ့ခွဲတဲ့ စက် နည်းပညာ နဲ ့ WMM အသင်း နဲ ့ AR/VR စနစ်နဲ ့တိုင်းရင်းသားစာပေလေ့လာမယ့် အက်ပလီကေးရှင်း နဲ ့Blue Frog အသင်းတို့ကို ရွေးချယ်ခဲ့ပါတယ်။

Soundbite – ဦးမိုးသူရ (ဒုတိယဌာနဆိုင်ရာအထွေထွေမန်နေဂျာ) Corporate Communication Department (MPT)

အဲ့ဒီလိုရွေးချယ်ခံရတဲ့ လူငယ်စွန့်ဦးတီထွင်သူတွေက အနိုင်ရရှိခဲ့တဲ့လုပ်ငန်းကို ခိုင်မာအောင် တည်ဆောက်ပြီး လူငယ်စွန့်ဦးတီထွင်တွေ ပိုမိုပေါ်ထွက်လာအောင် ပံ့ပိုးပေးသွားမယ်လို့ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစက် ထုတ်လုပ်ခြင်းလုပ်ငန်းနဲ့ အနိုင်ရရှိတဲ့ Waste Managing Machine အသင်းက ပြောပါတယ်။

Soundbite- နန်းစံပယ်ဖြူ (ရန်ကုန်နည်းပညာတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူ) Waste Managing Machine အသင်း

အဲ့ဒီပြိုင်ပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ နည်းပညာတက္ကသိုလ်တွေ၊ ကွန်ပျူတာနဲ့ အိုင်တီကောလိပ်တွေ၊ ပုဂ္ဂလိက ကျောင်းတွေနဲ့ နည်းပညာဆိုင်ရာစွန့်ဦးတီထွင်လိုတဲ့ လူငယ်တွေကို မြေတောင်မြောက်ပေးနိုင်ဖို့ မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT)နဲ့ မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ်တို့ ပူးပေါင်းစီစဉ် ကျင်းပတာဖြစ်ပါတယ် ခင်ဗျာ။

?bph6