
0
125




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လွှတ်တော်ရဲ့အခန်းကဏ္ဍ မြင့်မားလာရေးဟာ ဒီမိုကရေစီစနစ်မှာ အရေးကြီးတဲ့ ကဏ္ဍဖြစ်ကြောင်း ဝန်ကြီးချုပ် သတိပေး

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၃)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမမှာ ကျင်းပစဉ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ် ။

ဒါ့အပြင် လွှတ်တော်ဟာ ဒီမိုကရေစီရဲ့ ပန်းတိုင်ဖြစ်တာကြောင့်လွှတ်တော်အရည်အသွေး မြင့်မား လာတဲ့နဲ့အမျှ နိင်ငံကို ဦးဆောင်မှုပေးနိုင်မယ့် အခန်းကဏ္ဍ တစ်ရပ် ပိုမိုမြင့်မားလာ မှာဖြစ်ပါတယ် ။

အဲဒါကြောင့် လွှတ်တော်ကချမှတ်လိုက်တဲ့ ဥပဒေတွေဟာ နိုင်ငံတော်တည်ဆောက်နိုင်ဖို့အတွက် ဌာနဆိုင်ရာ အသီးသီးလိုက်နာကျင့်သုံး ဆောင်ရွက်ရမယ့် ဥပဒေ ၊နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း တွေကို တည့်မတ်ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတစ်ခု ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

?bph6