က်ဴပင္ေတြကို သစ္ေတာပိုင္ဆိုၿပီး ဖမ္းဆီးမႈေတြေၾကာင့္ တံျမက္စည္းလုပ္သူေတြ အခက္ေတြ႕ေန

0
181

က်ဴပင္ေတြကို သစ္ေတာထြက္ပစၥည္းဆုိၿပီး ဖမ္းဆီးေနတာေၾကာင့္ တံျမက္စည္းလုပ္ကိုင္သူေတြ အခက္အခဲ ေတြ ရွိလာေနပါတယ္။ ဒီသတင္းကို MCN ၿမိတ္သတင္းေထာက္ ေဇာ္ေဇာ္က ေပးပို႔ထားၿပီး တင္ေမာင္ေထြးက တင္ဆက္ထားပါတယ္။

ၿမိတ္ေဒသ႐ွိ ရာဘာၿခံေတြနဲ႔ ျမစ္ေခ်ာင္းအနီးပတ္ဝန္းက်င္ေတြမွာ အေလ့က်ေပါက္တဲ႔ က်ဴပင္ေတြကို တံျမက္စည္း လုပ္ကိုင္သူေတြက ကုန္ၾကမ္းအျဖစ္ အဓိက အားထားလုပ္ကိုင္ေနၾကရတာပါ။

အဲဒီ က်ဴပင္ေတြကို သယ္ယူရာလမ္းတေလွ်ာက္ သစ္ေတာဦးစီးဌာနက သစ္ေတာထြက္ပစၥည္းလို႔ ဆိုၿပီး ဖမ္းဆီးေနတာေၾကာင့္ တံျမက္စည္းလုပ္ကိုင္သူေတြ အခက္အခဲေတြ႐ွိ လာေနတာ ျဖစ္ပါတယ္။

Soundbite ဦးမင္းေဇာ္ဟိန္း (တည္ေထာင္သူ) တံျမက္စည္းလုပ္ငန္း၊ ၿမိတ္ၿမိဳ႕နယ္

အဲဒီ က်ဴပင္ေတြ သယ္ယူဖို႔အတြက္ သစ္ေတာဦးစီးဌာနက က်ေမွ်ာစာရ႐ွိဖို႔ လိုအပ္မွာ ျဖစ္ေပမယ့္ တံျမက္စည္းလုပ္ကိုင္သူေတြက ေမွ်ာစာ လာေရာက္ေလွ်ာက္ထားျခင္း မရွိဘူးလို႔ သစ္ေတာဦးစီးဌာန တာဝန္ရွိသူက ေျပာပါတယ္။

Soundbite ဦးမင္းေဇာ္ဟိန္း (တည္ေထာင္သူ) တံျမက္စည္းလုပ္ငန္း၊ ၿမိတ္ၿမိဳ႕နယ္

ဒါေပမယ့္ ၿမိတ္ေဒသ႐ွိ တံျမက္စည္းလုပ္ငန္း လုပ္ကိုင္သူေတြက က်ဴပင္ေတြကို သစ္ေတာထြက္ပစၥည္းကေန ပယ္ဖ်တ္ေပးၿပီး၊ ေဒသတြင္း တံျမက္စည္းလုပ္ငန္းေတြကို ကူညီျမွင့္တင္ေပးဖို႔ ေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

ကျူပင်တွေကို သစ်တောထွက်ပစ္စည်းဆိုပြီး ဖမ်းဆီးနေတာကြောင့် တံမြက်စည်းလုပ်ကိုင်သူတွေ အခက်အခဲ တွေ ရှိလာနေပါတယ်။ ဒီသတင်းကို MCN မြိတ်သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ထားပါတယ်။

မြိတ်ဒေသရှိ ရာဘာခြံတွေနဲ့ မြစ်ချောင်းအနီးပတ်ဝန်းကျင်တွေမှာ အလေ့ကျပေါက်တဲ့ ကျူပင်တွေကို တံမြက်စည်း လုပ်ကိုင်သူတွေက ကုန်ကြမ်းအဖြစ် အဓိက အားထားလုပ်ကိုင်နေကြရတာပါ။

အဲဒီ ကျူပင်တွေကို သယ်ယူရာလမ်းတလျှောက် သစ်တောဦးစီးဌာနက သစ်တောထွက်ပစ္စည်းလို့ ဆိုပြီး ဖမ်းဆီးနေတာကြောင့် တံမြက်စည်းလုပ်ကိုင်သူတွေ အခက်အခဲတွေရှိ လာနေတာ ဖြစ်ပါတယ်။

Soundbite ဦးမင်းဇော်ဟိန်း (တည်ထောင်သူ) တံမြက်စည်းလုပ်ငန်း၊ မြိတ်မြို့နယ်

အဲဒီ ကျူပင်တွေ သယ်ယူဖို့အတွက် သစ်တောဦးစီးဌာနက ကျမျှောစာရရှိဖို့ လိုအပ်မှာ ဖြစ်ပေမယ့် တံမြက်စည်းလုပ်ကိုင်သူတွေက မျှောစာ လာရောက်လျှောက်ထားခြင်း မရှိဘူးလို့ သစ်တောဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

Soundbite ဦးမင်းဇော်ဟိန်း (တည်ထောင်သူ) တံမြက်စည်းလုပ်ငန်း၊ မြိတ်မြို့နယ်

ဒါပေမယ့် မြိတ်ဒေသရှိ တံမြက်စည်းလုပ်ငန်း လုပ်ကိုင်သူတွေက ကျူပင်တွေကို သစ်တောထွက်ပစ္စည်းကနေ ပယ်ဖျတ်ပေးပြီး၊ ဒေသတွင်း တံမြက်စည်းလုပ်ငန်းတွေကို ကူညီမြှင့်တင်ပေးဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ် ခင်ဗျာ။

?bph6