ၿငိမ္းခ်မ္းေရးပဋိပကၡေတြကို မ်ိဳးဆက္သစ္လူငယ္ေတြအထိ လက္ဆင့္မကမ္းပဲ ၿငိမ္းခ်မ္းေအာင္လုပ္မယ္

0
92

ၿငိမ္းခ်မ္းေရးပဋိပကၡေတြကို မ်ိဳးဆက္သစ္လူငယ္ေတြအထိ လက္ဆင့္မကမ္းပဲ ၿငိမ္းခ်မ္းသြားေအာင္လုပ္ေဆာင္မယ္လို႔ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ UPDJC ကေျပာဆိုလိုက္ပါတယ္။ဒီသတင္း ကိုေတာ့ MCN သတင္းေထာက္ သက္ေနာင္စိုးက ေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံရဲ႕ ၿငိမ္းခ်မ္းေရးပဋိပကၡျဖစ္စဥ္ေတြဟာ ႏွစ္ေပါင္း ၇၀ေက်ာ္ ၾကာခဲ့ၿပီျဖစ္တာေၾကာင့္ ၿငိမ္းခ်မ္းေရးပဋိပကၡေတြကို မ်ိဳးဆက္သစ္လူငယ္ေတြအထိ လက္ဆင့္မကမ္းေတာ့ပဲ ၿငိမ္းခ်မ္းေရးရရွိေအာင္ လုပ္ေဆာင္မယ္လို႔ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ UPDJC က ဒုဥကၠ႒ ေဒါက္တာဆလိုင္းလ်န္မႈန္းဆာေခါင္းက ေျပာဆိုလိုက္ပါတယ္။

ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က Green Hill Hotel မွာ ျပဳလုပ္တဲ့ ၿငိမ္းခ်မ္းေရး သုေတသနစာတမ္း မိတ္ဆက္ျခင္းနဲ႔ ေဆြးေႏြးျခင္း အခမ္းအနားမွာ ေျပာဆိုခဲ့တာပါ။

Sound Bite – ေဒါက္တာဆလိုင္းလ်န္မႈန္းဆာေခါင္း (ဒုတိယဥကၠဌ)
ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC)

ဒါ့အျပင္ ျပည္တြင္း ၿငိမ္းခ်မ္းေရး အျမန္ဆံုး ရရွိဖို႔ဆိုရင္ လက္ရွိ အစိုးရ နဲ႔ တပ္မေတာ္ရဲ႕ လုပ္ေဆာင္ေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို နားလည္လက္ခံႏိုင္တဲ့ ဝန္ႀကီးတစ္ေယာက္ ခန္႔အပ္ဖို႔လည္း လိုတယ္လို႔ ေဒါက္တာဆလိုင္းလ်န္မႈန္းဆာေခါင္းကေျပာပါတယ္။

Sound Bite – ေဒါက္တာဆလိုင္းလ်န္မႈန္းဆာေခါင္း (ဒုတိယဥကၠဌ)
ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC)

ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိဖို႔အတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆနး္စုၾကည္ ဦးေဆာင္တဲ့ NLD အစိုးရက ေဆာင္ရြက္ေနသလို တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္း ၂၀၂၀ မွာ ထာ၀ရ ၿငိမ္းခ်မ္းေရး ကို ျပည္သူ႔ လက္ အပ္ဖို႔ သံဓိဌာန္ ခ်မွတ္ၿပီးေဆာင္ရြက္ေနတာျဖစ္ပါတယ္ခင္ဗ်ား။

ငြိမ်းချမ်းရေးပဋိပက္ခတွေကို မျိုးဆက်သစ်လူငယ်တွေအထိ လက်ဆင့်မကမ်းပဲ ငြိမ်းချမ်းသွားအောင်လုပ်ဆောင်မယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကပြောဆိုလိုက်ပါတယ်။ဒီသတင်း ကိုတော့ MCN သတင်းထောက် သက်နောင်စိုးက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးပဋိပက္ခဖြစ်စဉ်တွေဟာ နှစ်ပေါင်း ၇၀ကျော် ကြာခဲ့ပြီဖြစ်တာကြောင့် ငြိမ်းချမ်းရေးပဋိပက္ခတွေကို မျိုးဆက်သစ်လူငယ်တွေအထိ လက်ဆင့်မကမ်းတော့ပဲ ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်မယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က Green Hill Hotel မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး သုတေသနစာတမ်း မိတ်ဆက်ခြင်းနဲ့ ဆွေးနွေးခြင်း အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

Sound Bite – ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (ဒုတိယဥက္ကဌ)
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)

ဒါ့အပြင် ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိဖို့ဆိုရင် လက်ရှိ အစိုးရ နဲ့ တပ်မတော်ရဲ့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နားလည်လက်ခံနိုင်တဲ့ ဝန်ကြီးတစ်ယောက် ခန့်အပ်ဖို့လည်း လိုတယ်လို့ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကပြောပါတယ်။

Sound Bite – ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (ဒုတိယဥက္ကဌ)
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)

ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆနး်စုကြည် ဦးဆောင်တဲ့ NLD အစိုးရက ဆောင်ရွက်နေသလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ၂၀၂၀ မှာ ထာဝရ ငြိမ်းချမ်းရေး ကို ပြည်သူ့ လက် အပ်ဖို့ သံဓိဌာန် ချမှတ်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်ခင်ဗျား။

?bph6