အလုပ္သမားေရးရာ လုပ္ငန္းညိႇႏိႈင္းေရးေကာ္မတီ မဖြဲ႕စည္းထားပါက အေရးယူလာႏိုင္

0
106

အသစ္ျပင္ဆင္ေရးဆြဲေနတ့ဲ အလုပ္သမားေရးရာဥပေဒအရ အလုပ္သမားေရးရာ လုပ္ငန္းညိႇႏိႈင္းေရး ေကာ္မတီ (WCC) မဖြဲ႕စည္းတာေတြကို အေရးယူေဆာင္ရြက္တာ ရွိလာႏိုင္တယ္လို႔ ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

အသစ္ျပင္ဆင္ေရးဆြဲၿပီး လႊတ္ေတာ္မွာေဆြးေႏြးေနတ့ဲ အလုပ္သမားေရးရာ အျငင္းပြားမႈေျဖရွင္းေရး ဥပေဒထဲမွာ အလုပ္သမားေရးရာ လုပ္ငန္းညိႇႏိႈင္းေရးေကာ္မတီ (WCC) မဖြဲ႕စည္းထားပါက အေရးယူ ဒဏ္႐ိုက္တာေတြ ပါလာမွာျဖစ္တာေၾကာင့္ စက္႐ုံအလုပ္႐ုံေတြမွာ WCC ဖြဲ႕စည္းဖို႔ လိုအပ္တယ္လို႔ အလုပ္သမားေရးရာ ဆက္ဆံေရးဦးစီးဌာနက ေျပာပါတယ္။

ေဖေဖာ္၀ါရီလ ၉ရက္က ရန္ကုန္ၿမိဳ႕ ေရႊျပည္သာစက္မႈဇုန္ ကေနာင္ခန္းမမွာ အလုပ္သမားေရးရာ လုပ္ငန္းညိႇႏိႈင္းေရးေကာ္မတီ (WCC)ဖြဲ႕စည္းႏိုင္ေရး ေဆြးေႏြးပြဲျပဳလုပ္ခ့ဲတာပါ။

Soundbite- ဦးျမင့္ၾကြယ္ (ညႊန္ၾကားေရးမွဴး)
အလုပ္သမားေရးရာဆက္ဆံေရးဦးစီးဌာန

ဒီလို စက္႐ုံေတြမွာ အလုပ္သမားေရးရာ လုပ္ငန္းညိႇႏိႈင္းေရးေကာ္မတီ (WCC)ဖြဲ႕စည္းထားပါက အလုပ္သမားေရးရာ အျငင္းပြားမႈကိစၥေတြကို စက္႐ုံအတြင္း အျပန္အလွန္ညိႇႏိႈင္းေျဖရွင္းႏိုင္ၿပီး စက္႐ုံျပင္ပထြက္ ဆႏၵျပေတာင္းဆိုတာေတြ ေလ်ာ့နည္းသြားႏိုင္တယ္လို႔ အျမဲတမ္းအတြင္း၀န္က ေျပာပါတယ္။

Soundbite- ဦးမ်ိဳးေအာင္ (အၿမဲတမ္းအတြင္း၀န္)
အလုပ္သမား၊လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕႔အင္အား၀န္ႀကီးဌာန

အလုပ္သမားေရးရာ အျငင္းပြားမႈေျဖရွင္းေရး ဥပေဒမွာ အလုပ္သမား ၃၀ ဦးနဲ႔အထက္ လုပ္ကိုင္ တ့ဲ လုပ္ငန္းဌာနေတြမွာ အလုပ္သမားေရးရာ လုပ္ငန္းညႇိႏႈိင္းေရးေကာ္မတီ (WCC) ကိုဖြဲ႕႔စည္းရမွာျဖစ္ပါတယ္။ အလုပ္သမားဘက္ကျဖစ္ေစ၊ အလုပ္ရွင္ဘက္ကျဖစ္ေစ နစ္နာခ်က္ေတြကို WCC ဖြဲ႕စည္းထားတ့ဲ ညႇိႏႈိင္းေရးေကာ္မတီကို တိုင္ၾကားကာ ေဆြးေႏြးညႇိႏႈိင္းေျဖရွင္းႏိုင္မွာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ မဖွဲ့စည်းထားပါက အရေးယူလာနိုင်

အသစ်ပြင်ဆင်ရေးဆွဲနေတဲ့ အလုပ်သမားရေးရာဥပဒေအရ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) မဖွဲ့စည်းတာတွေကို အရေးယူဆောင်ရွက်တာရှိလာနိုင်တယ်လို့ ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

အသစ်ပြင်ဆင်ရေးဆွဲပြီး လွှတ်တော်မှာဆွေးနွေးနေတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေထဲမှာ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) မဖွဲ့စည်းထားပါက အရေးယူ ဒဏ်ရိုက်တာတွေ ပါလာမှာဖြစ်တာကြောင့် စက်ရုံအလုပ်ရုံတွေမှာ WCC ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနက ပြောပါတယ်။

ဖေဖော်ဝါရီလ ၉ရက်က ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန် ကနောင်ခန်းမမှာ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)ဖွဲ့စည်းနိုင်ရေး ဆွေးနွေးပွဲပြုလုပ်ခဲ့တာပါ။

Soundbite- ဦးမြင့်ကြွယ် (ညွှန်ကြားရေးမှူး)
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန

ဒီလို စက်ရုံတွေမှာ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)ဖွဲ့စည်းထားပါက အလုပ်သမားရေးရာ အငြင်းပွားမှုကိစ္စတွေကို စက်ရုံအတွင်း အပြန်အလှန်ညှိနှိုင်းဖြေရှင်းနိုင်ပြီး စက်ရုံပြင်ပထွက် ဆန္ဒပြတောင်းဆိုတာတွေ လျော့နည်းသွားနိုင်တယ်လို့ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

Soundbite- ဦးမျိုးအောင် (အမြဲတမ်းအတွင်းဝန်)
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေမှာ အလုပ်သမား ၃၀ ဦးနဲ့အထက် လုပ်ကိုင် တဲ့ လုပ်ငန်းဌာနတွေမှာ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကိုဖွဲ့စည်းရမှာဖြစ်ပါတယ်။ အလုပ်သမားဘက်ကဖြစ်စေ၊ အလုပ်ရှင်ဘက်ကဖြစ်စေ နစ်နာချက်တွေကို WCC ဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေးကော်မတီကို တိုင်ကြားကာ ဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်မှာဖြစ်ပါတယ် ခင်ဗျာ။

?bph6