
0
156


ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ တရားခံ ၀ီရချပ် ၂၆ ရဲ့ ပထမအသုတ်သယ်လာတဲ့ စိတ်ကြွဆေး ပြား တွေကို ဆာလာအိပ်(၁၆) ထုတ်နဲ့ ဒုတိယအသုတ်အနေနဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ နိုင်စူထိ အသက် ၃၃နှစ် သယ်လာတဲ့ စိတ်ကြွဆေးပြား နှစ်သန်း ကို မဲဆွေ ရဲစစ်ဆေးဂိတ်မှာ ဖမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နှစ်ရက်အတွင်း ထိုင်းမြန်မာနယ်စပ်မှာ စိတ်ကြွဆေး (၇) သန်း ဖမ်းဆီးရမိ

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ဒေသ ဝင်ပါပေါက် ခရိုင်နဲ့ မဲလောင် နှစ်နေရာမှာ ဖမ်းဆီးနိုင်ခဲ့တဲ့ ၉၉၉ တဆိပ် ရာဘ စိတ်ကြွဆေး ၆,၄၀၆၀ဝ၀ (ခြောက်သန်းလေးသိန်း ခြောက်ထောင်)ဟာ ဝတောင်ပိုင်း ပြည်နယ်က ဖြစ်ကြောင်း ထိုင်းရဲချုပ်က ချင်းရိုင်ခရိုင် ဖေဖော်ဝါရီလ ၁၀ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းရဲချုပ်က တရားဝင်ထုတ်ပြန်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ တရားခံ ဝီရချပ် ၂၆ ရဲ့ ပထမအသုတ်သယ်လာတဲ့ စိတ်ကြွဆေး ပြား တွေကို ဆာလာအိပ်(၁၆) ထုတ်နဲ့ ဒုတိယအသုတ်အနေနဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ နိုင်စူထိ အသက် ၃၃နှစ် သယ်လာတဲ့ စိတ်ကြွဆေးပြား နှစ်သန်း ကို မဲဆွေ ရဲစစ်ဆေးဂိ်တ်မှာ ဖမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခု ရက်ပိုင်းထိုင်းနိုင်ငံမှာ စိတ်ကြွဆေး တရာခံတွေဖမ်းဆီးခံခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံသား ကြည်အေး အသက် (၁၉) နှစ်ပါ ပါဝင်နေတာဖြစ်ပြီး သူ ့ကိုဖမ်းမိတာကတော့ ရှမ်းပြည်နယ် မိုင်းတုံနဲ ့ အနီးဆုံး ထိုင်းနိုင်ငံဖက် ဖန်ခရိုင် အတွင်းကို စိတ်ကြွဆေး ၂၀ဝ၀ဝ နဲ့အတူ ဝင်ရောက်လာစဉ် ဖမ်းမိသွားခဲ့တာ ဖြစ်ပါတယ်။

?bph6