
0
109




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

JMC-U နဲ့ ပဋိပက္ခစီမံခန့်ခွဲရေးအဖွဲ့ CMI က ပညာရှင်တွေ တွေ့ဆုံ

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U နဲ့ နော်ဝေနဲ့ ဖင်လန်နိုင်ငံတို့က အငြိမ်းစားဗိုလ်ချုပ်တွေ ပါဝင်တဲ့ ပဋိပက္ခစီမံခန့်ခွဲရေးအဖွဲ့ (CMI) တို့ တွေ့ဆုံခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ တွေ့ဆုံခဲ့တာပါ။ တွေ့ဆုံဆွေးနွေးပွဲမှာ JMC-U အတွင်းရေးမှူးတွေက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်တွေ ၊ လက်ရှိ ဆောင်ရွက်နေတဲ့ JMC လုပ်ငန်းစဉ်တွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

CMI က ပညာရှင်တွေကတော့ JMC လုပ်ငန်းတွေမှာ နည်းပညာ ပံ့ပိုးကူညီ ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

?bph6