စက္႐ံု၊ အလုပ္႐ံုေတြမွာ အနည္းဆံုး အခေၾကးေငြကို သတ္မွတ္ခ်က္အတိုင္း ေပး၊ မေပး စိစစ္

0
104

စက္ရံုအလုပ္ရံုေတြမွာ အနည္းဆံုးအခေၾကးေငြကို သတ္မွတ္ခ်က္အတိုင္းေပး၊မေပး ျပန္လည္စိစစ္ တာေတြလုပ္ေဆာင္ေနတယ္လို႔ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ကေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးကေပးပို႔ ထားပါတယ္။

အစိုးရက ျပင္ဆင္သတ္မွတ္ထားတဲ့ တစ္ရက္လုပ္ခလစာ အနည္းဆံုးအခေၾကးေငြက်ပ္ ၄၈၀၀ အတိုင္း အလုပ္ရွင္ေတြဘက္က ေပး၊မေပးဆိုတာကို ျပန္လည္စိစစ္မႈေတြလုပ္ေဆာင္ ေနတာပါ။
အဲဒါေၾကာင့္ အစိုးရကသတ္မွတ္ထားတဲ့ တစ္ရက္လုပ္ခလစာ အနည္းဆံုးအခေၾကးေငြက်ပ္ ၄၈၀၀ အတိုင္းမေပး တဲ့ အလုပ္ရွင္ေတြကို အလုပ္သမားေတြဘက္ကတင္ျပလာပါက ေျဖရွင္း ေဆာင္ရြက္ေပးသြားမွာျဖစ္တယ္လုိ႔ ျပည္ေထာင္စု၀န္ႀကီးဦးသိန္းေဆြကေျပာပါတယ္။

Sound Bite ဦးသိန္းေဆြ(ျပည္ေထာင္စု၀န္ႀကီး)
အလုပ္သမား၊လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ႀကီးဌာန

အစိုးရက ႏွစ္ႏွစ္ကုိတစ္ႀကိမ္ ျပင္ဆင္သတ္မွတ္တဲ့ အနည္းဆံုးအခေၾကးေငြျပင္ဆင္သတ္မွတ္တာ နဲ႔ပတ္သက္ၿပီး အရင္ထက္ေစာၿပီးေဆာင္ရြက္သြားမယ္လုိ႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ အလုပ္သမား ၀န္ႀကီးဌာနအေနနဲ႔ လက္ရွိမွာေတာ့ ေဆာင္ရြက္ေနတာ မရွိေသးဘူးလို႔ လည္းေျပာပါတယ္။

Sound Bite ဦးသိန္းေဆြ(ျပည္ေထာင္စု၀န္ႀကီး)
အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ႀကီးဌာန

အနည္းဆုံး အခေၾကးေငြ သတ္မွတ္ေရးဆုိင္ရာ အမ်ဳိးသားေကာ္မတီက အနိမ့္ဆုံးလုပ္ခလစာကုိ ႏွစ္ႏွစ္တစ္ႀကိမ္ ျပန္လည္ျပင္ဆင္ျပဌာန္းေပးေနတဲ့ အနည္းဆုံးအခေၾကးေငြ ႏႈန္းထားသစ္ကုိ ေမလ ၁၄ရက္ေန႔ က ၃၆၀၀ က်ပ္ကေန ၄၈၀၀ က်ပ္အျဖစ္ တုိးျမွင့္သတ္မွတ္ေပးခဲ့ တာျဖစ္ပါတယ္။ ဒါ့အျပင္တစ္ဘက္မွာလည္း အနည္းဆုံး အခေၾကးေငြရရွိၿပီး လက္ရွိရပုိင္ခြင့္ အခြင့္အေရးကုိ ျဖတ္ေတာက္ခံရမႈေတြရွိေနတဲ့ စက္ရုံအလုပ္ရုံေတြ လည္းရွိေနတာျဖစ္ပါတယ္ရွင္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စက်ရုံအလုပ်ရုံတွေမှာ အနည်းဆုံးအခကြေးငွေကို သတ်မှတ်ချက်အတိုင်းပေး၊မပေး ပြန်လည်စိစစ် တာတွေလုပ်ဆောင်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ ထားပါတယ်။

အစိုးရက ပြင်ဆင်သတ်မှတ်ထားတဲ့ တစ်ရက်လုပ်ခလစာ အနည်းဆုံးအခကြေးငွေကျပ် ၄၈၀ဝ အတိုင်း အလုပ်ရှင်တွေဘက်က ပေး၊မပေးဆိုတာကို ပြန်လည်စိစစ်မှုတွေလုပ်ဆောင် နေတာပါ။
အဲဒါကြောင့် အစိုးရကသတ်မှတ်ထားတဲ့ တစ်ရက်လုပ်ခလစာ အနည်းဆုံးအခကြေးငွေကျပ် ၄၈၀ဝ အတိုင်းမပေး တဲ့ အလုပ်ရှင်တွေကို အလုပ်သမားတွေဘက်ကတင်ပြလာပါက ဖြေရှင်း ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကပြောပါတယ်။

Sound Bite ဦးသိန်းဆွေ(ပြည်ထောင်စုဝန်ကြီး)
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

အစိုးရက နှစ်နှစ်ကိုတစ်ကြိမ် ပြင်ဆင်သတ်မှတ်တဲ့ အနည်းဆုံးအခကြေးငွေပြင်ဆင်သတ်မှတ်တာ နဲ့ပတ်သက်ပြီး အရင်ထက်စောပြီးဆောင်ရွက်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာတော့ ဆောင်ရွက်နေတာ မရှိသေးဘူးလို့ လည်းပြောပါတယ်။

Sound Bite ဦးသိန်းဆွေ(ပြည်ထောင်စုဝန်ကြီး)
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အနိမ့်ဆုံးလုပ်ခလစာကို နှစ်နှစ်တစ်ကြိမ် ပြန်လည်ပြင်ဆင်ပြဌာန်းပေးနေတဲ့ အနည်းဆုံးအခကြေးငွေ နှုန်းထားသစ်ကို မေလ ၁၄ရက်နေ့ က ၃၆၀ဝ ကျပ်ကနေ ၄၈၀ဝ ကျပ်အဖြစ် တိုးမြှင့်သတ်မှတ်ပေးခဲ့ တာဖြစ်ပါတယ်။ ဒါ့အပြင်တစ်ဘက်မှာလည်း အနည်းဆုံး အခကြေးငွေရရှိပြီး လက်ရှိရပိုင်ခွင့် အခွင့်အရေးကို ဖြတ်တောက်ခံရမှုတွေရှိနေတဲ့ စက်ရုံအလုပ်ရုံတွေ လည်းရှိနေတာဖြစ်ပါတယ်ရှင်

?bph6