
0
102




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုးမ မန္တလာခရီးသည်တင် ယာဉ်ပေါ်မှာ အထောက်အထားမဲ့ ဘင်္ဂါလီ(၆) ဦး ဖမ်းဆီးရမိ

ရိုးမမန္တလာ ခရီးတင်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အထောက်အထားမယ့် ဘင်္ဂါလီ ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

စစ်တွေက ရန်ကုန်ကို မောင်းနှင်လာတဲ့ ရိုးမမန္တလာခရီးသည်ပို့ဆောင်ရေး EXPRESS ယာဉ်တစ်စီးကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးဖို့ ရပ်တန့်စေခဲ့ရာ ယာဉ်မောင်းက ယာဉ်ပေါ်က ခုန်ချထွက်ပြေးသွား တာကြောင့် ယာဉ်ကို စစ်ဆေးရာမှာ အထောက်အထားမဲ့ ဘင်္ဂါလီ အမျိုးသား နှစ်ဦး၊ အမျိုးသမီး ၄ ဦးတို့ ကို တွေ့ရှိခဲ့တာပါ။

ဖြစ်စဉ်ကြောင့် ယာဉ်မောင်းကျော်စိုး၊(ထွက်ပြေး) မင်းဂံရပ်ကွက်၊စစ်တွေမြို့၊ ယာဉ်မောင်းအကူ ဟန်ဝင်းအောင် (သ)၂၈နှစ်၊ မရိုးကုန်ကျေးရွာ၊ စကွေးကျေးရွာအုပ်စု၊ ရေတာရှည်မြို့နယ်၊ ယာဉ်နောက်လိုက် ညီညီထွန်း၊ (သ)၂၉ နှစ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်နေသူတို့ကို ငဖဲမြို့နယ်၊ ပဒါန်းနယ်မြေရဲစခန်းက (ပ)၁၇/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ နဲ့အမှုဖွင့် စစ်ဆေးနေတာဖြစ်ပါတယ်။

?bph6