နယ္ေျမေက်ာ္လြန္ လႈပ္ရွားမႈေတြရွိေနတဲ့ MNDAA နဲ႔ တပ္မေတာ္ ထိေတြမႈျဖစ္ပြား

0
129

၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ ၂၁ ရက္ေန႔မွာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးက ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ စစ္ေရးလႈပ္ရွားမႈမ်ားကို ရပ္ဆုိင္းခဲ့ေပမယ့္ MNDAA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕အေနနဲ႔ စစ္ေရးလႈပ္ရွားမႈေတြ ရပ္ဆုိင္းထားတာကို အခြင့္ေကာင္း ယူၿပီး ကြမ္းလံုၿမိဳ႕နယ္အတြင္း လူသစ္စုေဆာင္းမႈ ကုိးႀကိမ္နဲ႔ နယ္ေျမေက်ာ္လြန္လႈပ္ရွားမႈ ေျခာက္ႀကိမ္ အထိ ျပဳလုပ္လာခဲ့ပါတယ္။

အဲဒါေၾကာင့္ တပ္မေတာ္စစ္ေၾကာင္းေတြက နယ္ေျမလံုၿခံဳေရးေဆာင္ရြက္ခဲ့ရာ ေဖေဖာ္၀ါရီ ၈ ရက္ နဲ႔ ၉ ရက္တုိ႔မွာ ကြမ္းလံုၿမိဳ႕နယ္၊ မံုးက်က္ေက်းရြာ၏အေရွ႕ေတာင္ဘက္ မီတာ ၁၃၀၀၀ ခန္႔အကြာမွာ လူသစ္ စုေဆာင္းဖုိ႔ေရာက္ရွိေနတဲ့ MNDAA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႔႕က အင္အား ၁၀၀ ဦးခန္႔နဲ႔ ထိေတြ႕ တုိက္ပြဲျဖစ္ပြားခဲ့ၿပီး ယာယီအေျချပဳထားတဲ့ စခန္းတစ္ခုကုိ သိမ္းပိုက္ရရွိခဲ့တာ ျဖစ္ပါတယ္။

ျဖစ္စဥ္မွာ တပ္မေတာ္ဘက္က စစ္သည္အခ်ဳိ႕ထိခုိက္ဒဏ္ရာရရွိခဲ့ၿပီး တပ္မေတာ္ စစ္ေၾကာင္း ေတြအေနနဲ႔ အတင္းအဓမၼဖမ္းဆီးေခၚေဆာင္ လူသစ္စုေဆာင္းခံရတဲ့ ေဒသခံျပည္သူေတြ ျပန္လည္လြတ္ေျမာက္ေရး အတြက္ လုိအပ္သလုိ ဆက္လက္ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်မြေကျော်လွန် လှုပ်ရှားမှုတွေရှိနေတဲ့ MNDAA နဲ့ တပ်မတော် ထိတွေမှုဖြစ်ပွား

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းခဲ့ပေမယ့် MNDAA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားတာကို အခွင့်ကောင်း ယူပြီး ကွမ်းလုံမြို့နယ်အတွင်း လူသစ်စုဆောင်းမှု ကိုးကြိမ်နဲ့ နယ်မြေကျော်လွန်လှုပ်ရှားမှု ခြောက်ကြိမ် အထိ ပြုလုပ်လာခဲ့ပါတယ်။

အဲဒါကြောင့် တပ်မတော်စစ်ကြောင်းတွေက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၈ ရက် နဲ့ ၉ ရက်တို့မှာ ကွမ်းလုံမြို့နယ်၊ မုံးကျက်ကျေးရွာ၏အရှေ့တောင်ဘက် မီတာ ၁၃၀ဝ၀ ခန့်အကွာမှာ လူသစ် စုဆောင်းဖို့ရောက်ရှိနေတဲ့ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အင်အား ၁၀ဝ ဦးခန့်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယာယီအခြေပြုထားတဲ့ စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ တပ်မတော်ဘက်က စစ်သည်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်မတော် စစ်ကြောင်း တွေအနေနဲ့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင် လူသစ်စုဆောင်းခံရတဲ့ ဒေသခံပြည်သူတွေ ပြန်လည်လွတ်မြောက်ရေး အတွက် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

?bph6