ဖြဲ႔စည္းပံုျပင္ဖို႔ ျပည္လံုးကြ်တ္ ဆႏၵခံယူပြဲ လုပ္သင့္တယ္လို႔ ျပည္ခိုင္ၿဖိဳးပါတီေျပာ

0
273

၂၀၀၈ ဖြဲ႔စည္းပံုျပင္ဆင္ဖုိ႔အတြက္ တစ္ႏိုင္ငံလံုးအတိုင္အတာနဲ႔ ျပည္လံုးကြ်တ္ ဆႏၵခံယူပြဲ လုပ္သင့္တယ္လို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီက ေျပာဆိုလိုက္ပါတယ္။

ရန္ကုန္ၿမိဳ႕ရွိ Orchid ဟိုတယ္ မွာ ေဖေဖာ္၀ါရီလ ၁၀ ရက္ေန႔က “ ရပ္ရြာေအးခ်မ္း သာယာေရးႏွင့္ တရားဥပေဒ စုိးမုိးေရးသည္ မူလပထမျဖစ္သည္” ေခါင္းစဥ္နဲ႔ ျပဳလုပ္တဲ့ ေဆြးေႏြးပြဲမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီက ဗဟုိအလုပ္အမႈေဆာင္ ဦးလွသိန္းက ေျပာဆိုခဲ့တာပါ။

“ျပည္သူအားလုံးပုိင္တဲ့ ဖြဲ႔စည္းပုံအေျခခံဥပေဒကုိ၊ ျပည္သူအားလုံးေထာက္ခံထားတဲ့ဥပေဒကုိ၊ ျပည္သူအားလုံး နဲ႔ ဆုိင္တဲ့အတြက္ေၾကာင့္၊ ျပည္သူ႔ဆီကဆင္းသက္လာတဲ့အတြက္ေၾကာင့္ ျပည္သူရဲ႕ဆႏၵခံယူပြဲျပန္လုပ္မယ္ ဆုိရင္ေတာ့ ပုိေကာင္းပါတယ္” လို႔ ဦးလွသိန္းက ေျပာဆိုခဲ့တာပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖွဲ့စည်းပုံပြင်ဖို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်သင့်တယ်လို့ ပြည်ခိုင်ဖြိုးပါတီပြော

၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် တစ်နိုင်ငံလုံးအတိုင်အတာနဲ့ ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲ ပြုလုပ်သင့်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ရှိ Orchid ဟိုတယ် မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က “ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် မူလပထမဖြစ်သည်” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ပြောဆိုခဲ့တာပါ။

“ပြည်သူအားလုံးပိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို၊ ပြည်သူအားလုံးထောက်ခံထားတဲ့ဥပဒေကို၊ ပြည်သူအားလုံး နဲ့ ဆိုင်တဲ့အတွက်ကြောင့်၊ ပြည်သူ့ဆီကဆင်းသက်လာတဲ့အတွက်ကြောင့် ပြည်သူရဲ့ဆန္ဒခံယူပွဲပြန်လုပ်မယ် ဆိုရင်တော့ ပိုကောင်းပါတယ်” လို့ ဦးလှသိန်းက ပြောဆိုခဲ့တာပါ။

?bph6