
0
201




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ထောင်စုက ချမှတ်တဲ့ မူဝါဒတွေကို သိရှိမှုအားမနည်းစေဖို့ ရှမ်းပြည်နယ်အစိုးရကို သတိပေး

ရှမ်းပြည်နယ်အစိုးရဟာ ပြည်ထောင်စုက ချမှတ်ထားတဲ့ မူဝါဒတွေပေါ် သိရှိမှုအားမနည်းစေဖို့ နိုင်ငံတော်တိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ပါတယ်။

ပြည်နယ်ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ သဟ ဇာတဖြစ်ရေး ကိစ္စရပ်တွေ ကို ဖေဖော်ဝါရီလ ၈ ရက်နေ့က တောင်ကြီးမြို့မှာ တွေ့ဆုံ မှာကြားစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့တာပါ။

ပြည်နယ်အစိုးရဟာ ပြည်သူလူထုနဲ့ နီးကပ်စွာထိတွေ့ဆက်ဆံပြီး အစိုးရရဲ့ဆောင်ရွက်ချက်တွေကို ရှင်းလင်းပေးဖို့အရေးကြီးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုခဲ့ပါတယ်။

?bph6