
0
184







ငြိမ်းချမ်းရေစကားဝိုင်းမှာ လူငယ်တွေ ပါဝင်မှ နိုင်ငံ့ပြဿနာ နဲ့ အနာဂါတ်ပြဿနာကို ဖြေရှင်းနိုင်မယ်

ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာ လူငယ်တွေပါဝင်လာမှ လက်ရှိနိုင်ငံ့ပြသနာနဲ့ အနာဂတ်ပြသနာကို ဖြေရှင်း နိုင်မှာဖြစ်တယ်လို့ နိုင်ငံရေးပါတီတွေက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ ထားပါတယ်။

လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေဖြစ်တာကြောင့် ငြိမ်းချမ်းရေးစကားဝိုင်းထဲမှာ ပိုမိုပါဝင်လာခြင်း နဲ့ လက်ရှိ နိုင်ငံမှာဖြစ်နေတဲ့ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းရမယ့် နည်းလမ်းတွေ သိမြင်လာစေမှာဖြစ်ပြီး နိုင်ငံ့ရဲ့ အနာဂတ် ပြသနာတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ နိုင်ငံရေး ပါတီတွေက ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ “ ရခိုင့်အရေး သည်ပြည်ထောင်စု အရေးဖြစ်သည် ` ဆိုတဲ့ ငြိမ်ချမ်းရေး စကားဝိုင်းမှာ ပြောဆိုခဲ့တာပါ။

Soundbite ;ဦးကျော်မြင့်(ဥက္ကဌ)ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်

ဒါ့အပြင် လူငယ်တွေရဲ့ အနာဂတ်တွေ တောက်ပလာဖို့အတွက်ဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိတာကြောင့် လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်ဖို့လိုအပ်သလို တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းရေးရဖို့လည်း အရေးကြီးတယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

Soundbite ;ဦးငွေလင်း(ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ လူငယ်တွေပါဝင်ကူညီခွင့်ရဖို့ အရပ်ဘက်လူ့မှုအဖွဲ့ အစည်းတွေက ကြိုးစားနေတာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်း တွေအနေနဲ့ လည်း လူငယ်တွေကိုပါဝင်ခွင့်ရအောင် လမ်းဖွင့်ပေးဖို့ လိုအပ်နေတာဖြစ်ပါတယ်ရှင်။

?bph6