အျပာေရာင္ကမၺည္းျပား တပ္ဆင္တာဟာ ခရီးသြားလုပ္ငန္းအတြက္ ေကာင္းမြန္

0
94

စထရင္း ဟိုတယ္ကို ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္အထိမ္းအမွတ္ အျဖစ္ အျပာေရာင္ကမၺည္းျပား တပ္ဆင္တာဟာ ခရီးသြားလုပ္ငန္းအတြက္ ေကာင္းမြန္ေစတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာနက ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ သက္ေနာင္စိုးက ေပးပို႔ထားတာပါ။

ကမၻာလွည့္ခရီးသြားေတြဟာ ေရွးေဟာင္းအေဆာက္အဦးေတြကို ႏွစ္သက္က်တာေၾကာင့္ ကမၺည္းျပား တပ္ဆင္ေပးတာဟာ ခရီးသြားလုပ္ငန္းအတြက္ ေကာင္းမြန္ေစတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာနရဲ႕ ညႊန္ၾကားေရးမွဴး ဦးႏိုင္ဝင္းက ေျပာပါတယ္။

၁၉၀၁ ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့တဲ့ ရန္ကုန္ၿမိဳ႕ ကမ္းနားလမ္းက စထရင္းဟိုတယ္ကို ေဖေဖာ္ဝါရီလ ၇ ရက္ေန႔မွာေတာ့ ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔က အထိမ္းအမွတ္ အျပာေရာင္ကမၺည္းျပား တပ္ဆင္ခဲ့တာပါ။

Sound Bite – ဦးႏိုင္ဝင္း (ညႊန္ၾကားေရးမွဴး)
ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာန

ဒါ့အျပင္ စထရင္းဟိုတယ္ကို ဟိုတယ္ႏွင့္ခရီးသြားဝန္ႀကီးဌာနရဲ႕ မူဝါဒနဲ႔အညီ ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္အျဖစ္ ဆက္လက္ ထိန္းသိမ္းေစာင့္ေရွာက္သြားမယ္လို႔လည္း ေျပာပါတယ္။

Sound Bite – ဦးႏိုင္ဝင္း (ညႊန္ၾကားေရးမွဴး)
ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာန

စထရင္းဟိုတယ္ကို နာမည္ေက်ာ္ အာေမးနီးယန္း ဟိုတယ္ လုပ္ငန္းရွင္ ညီအကိုေတြက တည္ေထာင္ခဲ့တာျဖစ္ၿပီး ရန္ကုန္ျမစ္ကို လွမ္းျမင္ရတဲ့ ၁၂ခန္းပါ တည္းခိုခန္းတစ္ခုကို ျပန္လည္ျပင္ဆင္ၿပီး ဟိုတယ္ဖြင့္ဖို႔ ကာလအေတာ္ၾကာ ညိွႏွိုင္းခဲ့ၿပီးေနာက္ ၁၉၀၁ခုႏွစ္မွာ စထရင္းဟိုတယ္အျဖစ္ ဖြင့္လွစ္ႏိုင္ခဲ့တဲ့ ရန္ကုန္ၿမိဳ႕ရဲ႕ သက္တမ္းအရင့္ဆုံး ဟုိတယ္တစ္ခုလည္း ျဖစ္ပါတယ္။

စထရင်း ဟိုတယ်ကို ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ် အဖြစ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်တာဟာ ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်စေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးက ပေးပို့ထားတာပါ။

ကမ္ဘာလှည့်ခရီးသွားတွေဟာ ရှေးဟောင်းအဆောက်အဦးတွေကို နှစ်သက်ကျတာကြောင့် ကမ္ဗည်းပြား တပ်ဆင်ပေးတာဟာ ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်စေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောပါတယ်။

၁၉၀၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်မြို့ ကမ်းနားလမ်းက စထရင်းဟိုတယ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတော့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့တာပါ။

Sound Bite – ဦးနိုင်ဝင်း (ညွှန်ကြားရေးမှူး)
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန

ဒါ့အပြင် စထရင်းဟိုတယ်ကို ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနရဲ့ မူဝါဒနဲ့အညီ ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့လည်း ပြောပါတယ်။

Sound Bite – ဦးနိုင်ဝင်း (ညွှန်ကြားရေးမှူး)
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန

စထရင်းဟိုတယ်ကို နာမည်ကျော် အာမေးနီးယန်း ဟိုတယ် လုပ်ငန်းရှင် ညီအကိုတွေက တည်ထောင်ခဲ့တာဖြစ်ပြီး ရန်ကုန်မြစ်ကို လှမ်းမြင်ရတဲ့ ၁၂ခန်းပါ တည်းခိုခန်းတစ်ခုကို ပြန်လည်ပြင်ဆင်ပြီး ဟိုတယ်ဖွင့်ဖို့ ကာလအတော်ကြာ ညှိနှိုင်းခဲ့ပြီးနောက် ၁၉၀၁ခုနှစ်မှာ စထရင်းဟိုတယ်အဖြစ် ဖွင့်လှစ်နိုင်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ သက်တမ်းအရင့်ဆုံး ဟိုတယ်တစ်ခုလည်း ဖြစ်ပါတယ်။

?bph6