အဂၤလိပ္စာအုပ္ ေစ်းေရာင္းပြဲေတာ္ကို မႏၱေလးမွာလည္း က်င္းပဖို႔ ဆႏၵရွိ

1
157

ရန္ကုန္မွာ က်င္းပေအာင္ျမင္ခဲ့တဲ့ အဂၤလိပ္စာအုပ္ပြဲေတာ္ Big Bad Wolf Books ကို မႏၱေလးမွာလည္း က်င္းပဖို႔ ဆႏၵရွိတယ္လို႔ စာအုပ္ပြဲေတာ္ကို ပူးတြဲက်င္းပတဲ့ Ready 2 Read Myanmar ရဲ႕ ဒါ႐ိုက္တာ ဦးမ်ိဳးေအာင္က နစ္ကီ ေအးရွန္း ရီဗ်ဴး သတင္းဌာနကို ေျပာပါတယ္။

Big Bad Wolf စာအုပ္ေစ်းပြဲေတာ္ႀကီးကို ရန္ကုန္ၿမိဳ႕၊ Myanmar Event Park မွာ ဇန္နဝါရီလ ၁၈ ရက္ေန ၂၈ အထိ က်င္းပခဲ့ၿပီး လူေပါင္း ၁ သိန္းခြဲ လာေရာက္ကာ စာအုပ္ စီးရီးေပါင္း ၂၂၀၀၀ ေက်ာ္ ေရာင္းခ်ခဲ့ရပါတယ္။ စာအုပ္ ၁ သန္းေက်ာ္ ခင္းက်င္း ေရာင္းခ်ခဲ့ၿပီး ဝတၳဳ၊ သုတ၊ သမိုင္း၊ ဒီဇိုင္း၊ ဗိသုကာ စတဲ့ စာအုပ္အမ်ိဳးအစားစံု ေရာင္းခ်ခဲ့ရကာ စာအုပ္တန္ဖိုးရဲ႕ ၅၀ ရာခိုင္ႏႈန္းကေန ၉၀ ရာခိုင္ႏႈန္းအထိ ေစ်းေလွ်ာ့ေပးခဲ့တာ ျဖစ္ပါတယ္။

Big Bad Wolf စာအုပ္ေစ်းပြဲေတာ္ႀကီးကို မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕မွာ က်င္းပတုန္းက လာေရာက္သူဦးေရ ၅ သိန္း၊ အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕မွာ လာေရာက္သူဦးေရ ၇ သိန္း၊ သီရိလကၤာႏိုင္ငံ၊ ကိုလံဘိုၿမိဳ႕မွာ လာေရာက္သူဦးေရ ၁ သိန္းခြဲ၊ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ လာေရာက္သူဦးေရ ၃ သိန္းနဲ႔ ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕မွာ လာေရာက္သူဦးေရ ၂ သိန္းခြဲ အသီးသီးရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်္ဂလိပ်စာအုပ် ဈေးရောင်းပွဲတော်ကို မန္တလေးမှာလည်း ကျင်းပဖို့ ဆန္ဒရှိ

ရန်ကုန်မှာ ကျင်းပအောင်မြင်ခဲ့တဲ့ အင်္ဂလိပ်စာအုပ်ပွဲတော် Big Bad Wolf Books ကို မန္တလေးမှာလည်း ကျင်းပဖို့ ဆန္ဒရှိတယ်လို့ စာအုပ်ပွဲတော်ကို ပူးတွဲကျင်းပတဲ့ Ready 2 Read Myanmar ရဲ့ ဒါရိုက်တာ ဦးမျိုးအောင်က နစ်ကီ အေးရှန်း ရီဗျူး သတင်းဌာနကို ပြောပါတယ်။

Big Bad Wolf စာအုပ်ဈေးပွဲတော်ကြီးကို ရန်ကုန်မြို့၊ Myanmar Event Park မှာ ဇန်နဝါရီလ ၁၈ ရက်နေ ၂၈ အထိ ကျင်းပခဲ့ပြီး လူပေါင်း ၁ သိန်းခွဲ လာရောက်ကာ စာအုပ် စီးရီးပေါင်း ၂၂၀ဝ၀ ကျော် ရောင်းချခဲ့ရပါတယ်။ စာအုပ် ၁ သန်းကျော် ခင်းကျင်း ရောင်းချခဲ့ပြီး ဝတ္ထု၊ သုတ၊ သမိုင်း၊ ဒီဇိုင်း၊ ဗိသုကာ စတဲ့ စာအုပ်အမျိုးအစားစုံ ရောင်းချခဲ့ရကာ စာအုပ်တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးခဲ့တာ ဖြစ်ပါတယ်။

Big Bad Wolf စာအုပ်ဈေးပွဲတော်ကြီးကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပတုန်းက လာရောက်သူဦးရေ ၅ သိန်း၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ လာရောက်သူဦးရေ ၇ သိန်း၊ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ လာရောက်သူဦးရေ ၁ သိန်းခွဲ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လာရောက်သူဦးရေ ၃ သိန်းနဲ့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ လာရောက်သူဦးရေ ၂ သိန်းခွဲ အသီးသီးရှိခဲ့ပါတယ်။

?bph6