
0
313


 



 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

မြန်မာနိုင်ငံက ခိုးသွင်းလာတဲ့ ရွှေ ၂၀ ကီလိုဂရမ် အိန္ဒိယမှာ ဖမ်းမိ

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂေါရှိ ဟောင်းရာမှာ မြန်မာနိုင်ငံက ခိုးသွင်းလာတဲ့ ရွှေ ၂၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ပြီး လူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယ အကောက်ခွန် စုံစမ်းရေးရုံး (DRI) က ပြောပါတယ်။

မြန်မာနိုင်ငံ ရွှေပြား အပြား ၁၂၀၊ အလေးချိန် ၁၉ ဒသမ ၉၂ ကီလိုဂရမ်ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အခု ဘဏ္ဍာရေးနှစ်အတွင်း အနောက် ဘင်္ဂေါနဲ့ အရှေ့မြောက်ပိုင်းမှာ DRI က ဖမ်းမိခဲ့တဲ့ မြန်မာနိုင်ငံထွက်ရွှေ စုစုပေါင်း ၅၁၅ ကီလိုဂရမ် ရှိသွားပြီ ဖြစ်ပါတယ်။

အိန္ဒိယကို အများဆုံး ခိုးသွင်းနေတာ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်နဲ့ တရုတ်နိုင်ငံက ရွှေတွေဖြစ်ပါတယ်။