ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ လူငယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ်

0
314







ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ လူငယ်တွေကိုယ်တိုင် မဲပေးခွင့်ရှိသလို ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ မှာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မြတ်မင်းသူကပေးပို့ထားပါတယ်။

ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲ ကို မတ်လ ၃၁ ရက်နေ့မှာကျင်းပသွားမှာဖြစ်ပြီး အဲ့ဒီ့ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ လူငယ်တိုင်း မဲပေးခွင့်ရမှာဖြစ်တယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ကပြောဆိုလိုက်ပါတယ်။

SoundBite ဦးဟန်စိုးထွန်း(စီမံကိန်းအစီစဉ်မန်နေဂျာ)
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့

အရင်စည်ပင်ရွေးကောက်ပွဲတွေမှာ လူငယ်တွေဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အခက်ခဲတွေ ရှိခဲ့ပေမယ့် အခုစည်ပင်ရွေးကောက်ပွဲမှာ တော့ အသက်၂၅ နှစ်အထက်လူငယ်တွေအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်တော့မှာဖြစ်ပါတယ်။

SoundBite ဦးဟန်စိုးထွန်း(စီမံကိန်းအစီစဉ်မန်နေဂျာ)
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့

အခုကျင်းပမဲ့ ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအပြင် ထူးခြားမှုအဖြစ် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေ ပါဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ လည်းဖြစ်ပါတယ်ခင်ဗျာ။

?bph6